သက်မဲ့အကြွေး

တစ်ခါတစ်လေတောင်  အလည်မသွားမိတာ ကြာတော့လည်း မေ့ပြီလို့ ထင်ပေမယ့်  သူ့အကြောင်း  မေးတဲ့  သူငယ်ချင်းတွေ  မိတ်ဆွေတွေကြောင့် စိတ်ကူးထဲ  ပုံဖော်ပြီး  ပြောရတာလေးတွေက ဝိုးတစ်ဝါးပေမယ့်  ရိုးသားစွာ  စွဲလမ်းနေတာတော့  သေချာပါတယ် ။

              တစ်ခါ တစ်ခါ အိမ်မက်ထဲ အထိ  ခြောက်လှန့်နေတဲ့ အိမ်မက်တွေကလည်း  ကျွန်တော့်ရဲ့  သူ့အပေါ် တန်ဖိုးမထားမိတာတွေကို သတိပေးနေသလိုပါပဲ။ တစ်ကယ်ပါ  …. သူ့ ဘက်က ရိုးသားစွာ ကိုယ်လိုအပ်သမျှ  မှန်မှန်ကန်ကန် ပေးဆပ်နေတာတောင်  တစ်ခါတစ်ရံ  သူ ခေါင်းရှုပ်ပြီး   အခိုက်တန့် ပုံမှန်ဘဝက ကင်းလွတ်သွားစေမယ့်  မေးခွန်းမှားတွေလည်း  မေးခဲ့ဘူးပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို  သေချာမှုများစွာနဲ့   သူ့ကို သံသယတွေတောင်ဝင်ပြီး  လုပ်ဖော်ကိုင်ဖက်  သူငယ်ချင်းတွေကို ပြောမိပါသေးတယ်။ “ဒီလိုပဲ သူ  ခဏ ခဏ  ကြောင်တတ်တယ်” ဆိုပြီးတော့ပေါ့။

Read More>> “သက်မဲ့အကြွေး” »

အိမ်လေးတွေဆောက်မယ်ဆိုရင်…..

လူတိုင်းလူတိုင်းဟာ အချိန်တန်အရွယ်မရောက်ခင် လူမှန်းသိတတ်တဲ့အရွယ်ကစလို့ ကိုယ့်ပိုင်အိမ်လေးနဲ့နေထိုင်ဖို့ ရည်မှန်းထားခဲ့ကြုံမှာပါ။ ကိုယ့်ရဲ့ ဓနအင်အားအပေါ်မှာ မူတည်လို့ တတ်နိုင်တဲ့အိမ် အမျိုးအစားအလိုက် ရိုးရိုးသစ်သားနဲ့ဆောက်တဲ့အိမ်၊ နံကပ်တိုက်၊ သံကူကွန်ကရစ်တိုက် စသဖြင့် တခါလောက်တော့ အနဲဆုံး ဆောက်ဖို့ကြုံလာမှာပါ။ အဲဒီအချိန်မှာ သိသင့်တဲ့ ဗဟုသုတလေးတွေကို အင်ဂျင်နီယာအမြင်လေးနဲ့ ပြောပြချင်ပါတယ်။ ကျနော်အဓိကထား ပြောချင်တာက သံကူကွန်ကရစ်နဲ့ အိမ်လေးကိုဆောက်တဲ့ အကြောင်းပါ။ ပုံမှန် ဆောက်လေ့ရှိတဲ့ သစ်သားအိမ်၊ နံကပ်တိုက်လောက်ကတော့ ပြဿနာမရှိပါဘူး။ ဒီလိုပဲ ကိုယ်ကြိုက်တဲ့ ပုံစံလေးကို စိတ်ကူးယဉ်ပြီးတော့ လက်သမားဆရာ၊ ပန်းရန်ဆရာနဲ့ ဆောက်လိုက်ရုံပါပဲ။ အဲဒီအထိက ပြဿနာမရှိဘူးပေါ့။ သံကူကွန်ကရစ်နဲ့ ဆောက်ပြီဆိုရင် စဉ်းစားစရာတွေ များလာပါတယ်။ ဘာလို့လည်းဆိုရင် ငွေရေးကြေးရေးအရ လည်း ပိုပြီးကုန်ကျသလို နည်းပညာလည်းပဲ လိုအပ်လို့ပါ။ ဖြစ်သင့်တာကတော့ ကိုယ့်အိမ်ပုံစံလေးကို ကိုယ့်လိုအပ်ချက်လေးတွေကို ပြောပြပြီးတော့ ဗိသုကာတစ်ယောက်ဆီမှာ ပုံကိုအရင် ဆွဲခိုင်းရပါတယ်။ ပြီးမှ ဗိသုကာပုံကို အခြေခံပြီးတော့ အင်ဂျင်နီယာကနေပြီးတော့ ဒီနေရာကတော့ ထုတ်အရွယ်အစားကို ဘယ်လောက်သုံးမယ်၊ အဲဒီထုတ်ကို သံချောင်းဘာအရွယ်အစား၊ ဘယ်နှစ်ချောင်းထည့်မယ် ဆိုတာတွေကို တွက်ချက်ပေးရပါတယ်။ အဲဒီပုံစံထွက်လာကာမှ ပန်းရန်ဆရာ၊ လက်သမားဆရာ၊ သံချည်ကွေးဆရာတွေကို လုပ်ငန်းစတင် အကောင်အထည်ဖော်ရမှာပါ။ အရပ်ထဲမှာ အိမ်ဆောက်တဲ့သူတွေ တော်တော်များများဟာ သံကူကွန်ကရစ်( အာစီ) အဆောက်အဦး ဆောက်ရင်လည်းပဲ ပန်းရန်ဆရာ၊လက်သမားဆရာကိုပဲ အပ်ပြီးဆောက်တဲ့ အလေ့အထတွေ အခုအချိန်ထိရှိနေတုန်းပါပဲ။ ကျနော်ဆိုလိုတာက ပန်းရန်ဆရာ၊ လက်သမားဆရာနဲ့ လုံး၀မဆောက်ရဘူးလို့ အစွန်းရောက်စွာနဲ့မဆိုလိုပါဘူး။ ဘာမှအရေးမကြီးတဲ့ အဆောက်အဦးမျိုးကိုတော့ ဆောက်ချင်ဆောက်လို့ရပါတယ်။ ဒါပေမဲ့ နှစ်ထပ်ကျော်လို့ သုံးထပ်ဖြစ်လာပြီ ဆိုရင် အင်ဂျင်နီယာရဲ့ ကြီးကြပ်မှုတွေ ရယူဖို့လိုအပ်ပါတယ်။ မလိုပါဘူးကွာ၊ ဒီလိုပဲဆောက်လာတာ ဘာမှမဖြစ်ပါဘူးလို့ စောဒက တက်ကောင်းတက်ပါ့မယ်။ ဒါပေမဲ့ ဒါဟာ နည်းလမ်းမှန်မဟုတ်ပါဘူး။ ………ဘာကြောင့်ပါလဲ။

Read More>> “အိမ်လေးတွေဆောက်မယ်ဆိုရင်…..” »

The Third & The Seventh with Inspire

Alex Roman အကြောင်း  မပြောခင်  ကျွန်တော်ရဲ့  ညံ့ဖျင်းပုံအကြောင်း   အရင်  ပြော ပါရ စေ။ ကျွန်တော် design တွေ visualize အကြောင်းတွေ  အွန်လိုင်းမှာ  အတော် လေ့လာဖြစ်နေတဲ့  အချိန် ကျွန်တော် လေ့လာနေတဲ့  လေးစားတဲ့သူတွေ   မြင်ဆရာ ကြားဆရာ တွေ  စကားထဲ   အမြဲပါနေတာ  Alex roman ပါပဲ။ ဒါနဲ့ပဲ ကျွန်တော်  သူ့ လက်ရာတွေ ကို CG ဖိုရမ်တွေမှာ ရှာကြည့်ပြီး လေ့လာ  မိပါတယ် ။ ပုံတွေ လည်းတွေ့ ပါတယ် ။ အင်း ကောင်းတယ်..   အခု ကိုယ်လေ့လာ  အတုယူနေတဲ့  ဆရာ သမားတွေ ရဲ့ artworks  တွေလည်း  ကောင်းသားပဲ ပေါ့ ။ သိပ်မကွာပါဘူး …အဲလိုပဲ ယူဆခဲ့ပြီး ပေါ့ပေါ့ပဲ  သဘောထားမိခဲ့ပါတယ် ။ ကျန်ခဲ့တဲ့  တစ်ပတ်လောက်ကမှ  သူ့ ရဲ့  THE THIRD & THE SEVENTH Animation  portfolio ကိုကြည့်ပြီး  စကြည့်ချိန်ကနေ   ဆုံးတဲ့အထိ သီးခြားကမ္ဘာ  တစ်ခုထဲ မြောပါသွားခဲ့တာ   ဘ၀မှာ တစ်ကယ့်  မှတ်မှတ်ရရ လို့  ပြောနိုင်ပါတယ် ။

Read More>> “The Third & The Seventh with Inspire” »

Error establishing a database connection

ကျနော် ဟိုနေ့က Hosting က ပါတ်စ၀ါ့ မေ့သွားလို့ ချိန်းလိုက်တာ ပြဿနာ တစ်ခုနဲ့ကြုံလိုက်ရပါတယ်။ ဘာလဲဆိုရင် ကျနော့်ဆိုဒ်ကို ဖွင့်လိုက်တိုင်းမှာ Error establishing a database connection ဆိုပြီးတော့ ပေါ်လာတာပါပဲ။ ကျနော်ထင်လိုက်တာက server ဒေါင်းလို့များလားဆိုပြီးတော့ စောင့်ကြည့်လိုက်ပါတယ်။ နောက်ရက်စမ်းကြည့်တော့လည်း အတူတူပဲဖြစ်နေပါတယ်။ အဲဒါနဲ့ ကျနော်ဘာလုပ်ရမှန်းမသိဘူး။ ပြန်ပြီးတော့ database restore လုပ်ကြည့်တယ်။ မရဘူး။

အဲဒါနဲ့ပဲ အင်တာနက်ထဲမှာပဲရှာကြည့်လိုက်တာ တန်းပြီးတော့တွေ့ပါတယ်။ ဘာလဲဆိုတော့ wp-config.php ကို password စစ်ကြည့်ဖို့ပါ။ အဲဒါနဲ့ ကျနော့် ဆိုဒ်က ဖိုင်ကို ဒေါင်းလုတ်ပြန်လုပ်ပြီးတော့ စစ်ကြည့်လိုက်တာ ကွက်တိပဲဗျာ။ အရင် အဟောင်းဖြစ်နေတာပေါ့။ အဲဒီမှာချိန်းလိုက်ပြီးတော့ ဖိုင်ကို upload လုပ်လိုက်တာ အရင်အတိုင်းပဲ အဆင်ပြေသွားတာပဲ။

/** MySQL database password */
define(‘DB_PASSWORD’, ‘စကားဝှက် အသစ်ကို ဒီမှာထည့်ပါ။’);

Rule of Thirds & 3DS Max

The  Rule of Thirds ဆိုတဲ့  photo composition အခြေခံ rule လေးနဲ့  မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ ။  ကျွန်တော်တို့ ဓာတ်ပုံရိုက်တဲ့အခါမှာ  ဒီအခြေခံမူလေးကို သုံးခြင်းအားဖြင့်  beginner တွေအနေနဲ့  အလွယ်တစ်ကူ ဆွဲဆောင်မှုကောင်းပြီး   position ပါတဲ့ ရိုက်ချက်လေးတွေ ရတာပေါ့နော် ။  ထို့အတူပဲ  ကျွန်တော်တို့ design ကို 3d visualize လုပ်တဲ့အခါမှာလဲ camera view က ဆွဲဆောင်မှုရှိဖို့  အရေးပါပါတယ် ။ အဲဒီအခါမှာလဲ ဒီ rule လေးကို အသုံးချခြင်းအားဖြင့်   အချိန်ကုန် သက်သာပြီး ဆွဲဆောင်မှုရှိတဲ့ view လေးတွေ ရတာပေါ့နော် ။

အထက်မှာ ဖော်ပြထားတဲ့ နမူနာပုံလေးကို ကြည့်ခြင်းအားဖြင့် အလွယ်တစ်ကူ သဘောပေါက်မယ်ထင်ပါတယ် ။

Read More>> “Rule of Thirds & 3DS Max” »