Design Basic

Designer တစ်ယောက်အတွက် Architectural နဲ့ Interior Design မှာပါ ကိုယ့် project ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ (သို့မဟုတ်) သေးငယ်ပါစေ မပါမဖြစ် မသိမဖြစ် အမြဲနှလုံးသွင်း သိထားရမှာကတော့ အခြေခံ Elements of Design နဲ့ Principles Design တွေပါပဲ။

Elements of design ဆိုတာတွေကတော့ line , space, form, shape, texture, colour, light, and time တွေပါပဲ။သူတို့တွေ ကို ပေါင်းစပ် အခြေခံ တည်ဆောက်ထားတဲ့ Principles Design တွေကတော့ Rhythm , Balance , Unity , Scale ,Proportion , Asymmetrical balance ,Variety, Harmony ,Emphasis တွေပါ။
Read More>> “Design Basic” »

Minimalist Design Introduce

Minimalist ဆိုတဲ့ စကားလုံးလေး နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ကျွန်တော်တို့ တစ်တွေ ဒီစကားလုံးလေးတွေ ကို ဒီနေ့ ခေတ် လက်ရှိ အခြေအနေမှာ နေရာအတော်များများမှာ ကြားရတွေ့နေရမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ ၀န်းကျင်တွေမှာပေါ့… ကျွန်တော် ကတော့ interior ပိုင်းနဲ့ ပတ်သတ်တဲ့ minimalist အကြောင်းလေးကို ပြောမှာဖြစ်ပေမယ့် ဒီအခြေခံ concept လေးတွေကတော့ တစ်ခြား ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ၀န်းကျင်တွေ မှာလဲ အထောက်အကူပြုမှာပါ။
Read More>> “Minimalist Design Introduce” »

AutoCad custom hatch pattern လေးတွေ သုံးချင်ရင်

Autocad pattern လေးတွေ ကို ပုံမှန် မတွေ့ဘူးတဲ့ design လေးတွေမြင်ဖူးမှာပါ။ wood သစ်ကွက်လှလှလေးတွေ၊ အမိုးအကြွလေးတွေ စသဖြင့်ပေါ့၊ အဲဒါလေးတွေသုံးချင်ရင် .pat ဆိုတဲ့ pattern file လေးတွေ အတွက် program ရေးရပါတယ်။

 

အခု ဒေါင်းထားပြီး သုံးနေတာလေးတွေ တင်ပေးလိုက်ပါတယ်။ အဲဒီ pattern လေးတွေပါတဲ့ folder လေးကို အဆင်ပြေတဲ့နေရာမှာထားပြီး AutoCad မှာ “ options” files tab အောက်က support file search path အောက်မှာ path အသစ်ကို အခုနက hatch pattern တွေစုထားတဲ့ folder လေးထားတဲ့ နေရာကို add လုပ်လိုက်ပါ။ ပြီးရင် hatch command ခေါ်ပြီး pattern က custom tab ကိုသွားလိုက်ရင် pattern အသစ်လေးတွေကို တွေ့ပြီး သုံးနိုင်ပါပြီ…

ဒီမှာ download လုပ်နိုင်ပါတယ်။

or

http://dl.dropbox.com/u/9834431/301.rar

စုတုပြု

ကျွန်တော် အမြဲ ပြောလေ့ရှိသလို အမြဲလဲ ကျင့်သုံးနေတဲ့ နည်းကလေးကတော့ စု တု ပြု ပါ။ ကျွန်တော် Interior Design စလုပ်ကတည်းက စုတုပြုဆိုတာလေး ကို အတော် လုပ်မိပါတယ်။ သူများတွေ လုပ်ပြီးသားလေးတွေကို အရင် တစ်ထပ်တည်းရအောင်လုပ်တယ်ပေါ့။ အဲဒီလိုလုပ်တာ လေးက တစ်ကယ်တော့ အဲဒီ ပုံလေးတင် ထပ်တူရအောင် လုပ်တတ်ရုံတင်မကပါဘူး။ သူ့ရဲ့ proportion, actual dimension တွေနဲ့ design concept တွေပါ စိမ့်ဝင်သွားပါတယ်။ အဲဒီက နေတစ်ဆင့်တက်ပြီး ကိုယ့် idea လေးတွေနဲ့ ပေါင်းပြီး ပြုကြည့်ဖို့ လိုပါမယ်။

ကိုယ့် idea ဆိုလို့ ဒီတိုင်းလုပ်နေရုံနဲ့ တော့ သိပ်တိုးတက်မှာမဟုတ်ပါဘူး။ Theory လေးတွေ ဖတ် စဉ်းစား.. ပြီးတော့ အပြင်က တစ်ကယ့် ဟာတွေနဲ့ ပေါင်းစပ်လေ့လာ..နောက် တစ်ကယ်ရှေ့က လုပ်နေတဲ့ professional designer တွေနဲ့ စကားပြော လေ့လာ သင်ယူဖို့လဲ လိုပါဦးမယ်။ ဘာပဲပြောပြော… တိုးတက်လာမှာ အသေချာပါ…
Read More>> “စုတုပြု” »

ကိုယ်ပိုင် Linetype များဖန်တီးခြင်း၊ အပိုင်း ၂ (Creating Custom Linetype in AutoCAD)

 

Linetype တခုကိုရေးရင် စာကြောင်းနှစ်ကြောင်းနဲ့ရေးရပြီးတော့ ပထမဦးဆုံး ခရေပွင့်အမှတ်အသား(Asterisk) နဲ့စရပါတယ်။ Linetype_name ကတော့ ကျနော်တို့ create လုပ်မဲ့ linetype ရဲ့ နာမည်ပါ။ ပုံထဲက နံပါတ် 1 ဆိုတဲ့နေရာမှာပေါ်လာမှာပါ။

Description ကတော့ ကျနော်တို့ Linetype ကိုရွေးတဲ့အခါမှာ Line ရဲ့ ပုံစံလေးပါ။ နံပါတ် 2 နေရာမှာပေါ်လာမဲ့ကောင်ပါ။ Description ရေးရာမှာ 47 character ထက်ပိုလို့မရပါဘူး။
A ဆိုတာကတော့ Alignment field ပါ။ လောလောဆယ်ထိတော့ AutoCAD မှာ A type alignment ကိုပဲ support လုပ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ line တစ်ခုကို dash နဲ့စပြီးတော့ dash နဲ့ အဆုံးသတ်ခိုင်းတဲ့ အလုပ်ပါပဲ။
Descriptor တွေကတော့ ကိုယ်လုပ်တဲ့ Pattern ကို ဖော်ပြမဲ့ကိန်းဂဏန်းနဲ့ text တွေ၊ shape တွေကို ထည့်ရေးပေးရမဲ့  နေရာပဲဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကို ကော်မာလေးတွေခြားရေးရပြီးတော့ space ခြားလို့မရပါဘူး။

Read More>> “ကိုယ်ပိုင် Linetype များဖန်တီးခြင်း၊ အပိုင်း ၂ (Creating Custom Linetype in AutoCAD)” »