AutoCAD မှာ ကိုယ်ပိုင် Linetype တွေ ပြုလုပ်လို့ရတယ်ဆိုတာ တော်တော်များများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် အဆင်ပြေအောင် ဆွေးနွေးပေးပါ့မယ်။
AutoCAD ရဲ့ default အနေနဲ့ပေးထားတဲ့ Linetype တွေတင်ပဲ တော်တော်စုံလှပါတယ်။
ပထမဆုံး Linetype မလုပ်ခင်မှာ AutoCAD မှာပါတဲ့ Linetype တွေကို လေ့လာကြည့်ရအောင်။
AutoCAD ရဲ့ Linetype file အမျိုးအစားကတော့ file-name.lin ဖြစ်ပြီး AutoCAD ရဲ့ default linetype တွေကို acad.lin နဲ့ acadiso.lin ဆိုပြီးတော့ နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။ AutoCAD Linetype ဖိုင်တွေကို သိမ်းထားတဲ့ နေရာကတော့ AutoCAD version နဲ့ Windows OS အပေါ်မှာ မူတည်တဲ့အတွက် ပုံသေမှတ်ယူထားလို့ မရပါဘူး။ အဲဒီဖိုင်တွေရှိတဲ့ နေရာကို သိချင်ရင်တော့ AutoCAD ကိုဖွင့်ပါ။ Menu ကနေ Tools>options (သို့မဟုတ်) command line မှာ op လို့ရိုက်ပြီးတော့ Enter ခေါက်ပါ။ အဲဒီက File Tab ရဲ့အောက်မှာ Support File Search Path ဆိုတာလေးရဲ့ ရှေ့က “+” သင်္ကေတလေးကို နှိပ်လိုက်ပါ။ ပုံမှာ အစိမ်းရောင်လေးနဲ့ ပြထားတာကတော့ default linetype file ရှိတဲ့ နေရာပါပဲ။
AutoCAD ရဲ့ Default linetype file ကိုဖွင့် ပြီးတော့ လေ့လာကြည့်လို့ ရပါတယ်။ အောက်မှာပြထားတာကတော့ AutoCAD ကပါတဲ့ Dashed linetype ရဲ့ နမူနာလေးပါ။
*DASHED,Dashed __ __ __ __ __ __ __ __ __ __ __ __ __ _
A, 12.7, -6.35
AutoCAD မှာ Custom linetype တွေကို ပြုလုပ်ဖို့အတွက် လေ့လာမယ်ဆိုရင်_
1. Simple custom linetype (ရိုးရှင်းလွယ်ကူတဲ့ ကိုယ်ပိုင် linetype)
2. Text in custom linetype (Line ထဲတွင် စာလုံးများထည့်သွင်းအသုံးပြုခြင်း)
3. Shape in custom linetype (line ထဲမှ ကိုယ့်စိတ်ကြိုက် ပုံလေးတွေထည့်သွင်းအသုံးပြုခြင်း)
စသဖြင့် ခွဲခြားလေ့လာနိုင်ပါတယ်။
Linetype တစ်ခုရဲ့ Format ကိုကြည့်ရင် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။မြင်သာအောင် Format နဲ့ Dashed ရဲ့ Linetype ကို ယှဉ်ပြထားပါတယ်။
*linetype_name,description
A,descriptor1,descriptor2, …*DASHED,Dashed __ __ __ __ __ __ __ __ __ __ __ __ __ _
A, 12.7, -6.35
Facebook Comments
Powered by Facebook Comments
How can I create a form that contains name , company , project ….. with autocad ?
I found the name template within CAD but I doesn’t how to use them. Can I create my own name form in CAD ? Plz reply me bro ,thank.
နည်းလမ်းတွေအများကြီးရှိပါတယ်ခင်ဗျာ။ ပထမဆုံး ကိုယ်လိုချင်တဲ့ စာရွက် အရွယ်အစားအတိုင်း Rectangle ပုံလေးဆွဲပါ။ ပြီးရင် အဲဒီပုံထဲမှာ name, company, project စတာတွေကို ကိုယ်လိုချင်တဲ့ အတိုင်းဆွဲပေးပါ။ ပြီးရင် အဲဒီ ပုံကို ဖိုင်နာမည် တစ်ခုပေးပြီးသိမ်းလိုက်ပါ။
Layout ကို သုံးပြီးတော့ Print ထုတ်တယ်ဆိုရင် အဲဒီဖိုင်ကို Layout ထဲမှာထည့်ပြီးတော့ viewport ကို ပုံပေါ်စေချင်တဲ့အတိုင်းပဲကောက်ပေးပါ။ အဲဒါဆိုရင်ရပါပြီး။ ဒါကတော့ နည်းလမ်းတွေ အများကြီးထဲက တစ်ခုဖြစ်ပါတယ်။
ကျေးဇူးပါ အကို လုပ်ၾကည့်လိုက်အုံးမယ်