Colour psychology

         Designer တစ်ယောက် အနေနဲ့  မသိမဖြစ်  အရေးကြီးတာက  Color Psychology  ဆိုတဲ့ အရောင်နဲ့  ပတ်သတ်တဲ့  စိတ်ခံစားမှု အကြောင်းဖြစ်ပါတယ်။ ကိုယ် ဖန်တီးလိုက်တဲ့  design  တစ်ခုမှာ      အရင်ဆုံးကြုံတွေ့ရမှာက   ဘယ်လို mood မျိုး  ပေးမှာလဲ  ဆိုတဲ့  မေးခွန်းပါပဲ။ ပေးချင်တဲ့ mood   ကို မူတည်ပြီး   အရင်ဆုံး  စဉ်းစား ရမှာက  color scheme  ပါပဲ။

Read More>> “Colour psychology” »

Interior Lighting & Design Relative

Quote

ဘာလိုလိုနဲ့ Authentic Corner ဆိုဒ်ကိုစတင်လည်ပတ်ခဲ့တာ ဒီနေ့ဆိုရင် (၃)လ တင်းတင်းပြည့်ပါပြီ။ ကျနော်တို့အနေနဲ့ စာဖတ်ပရိတ်သတ်အတွက် ဖတ်စရာလေးတွေနဲ့ အသိပညာ ဗဟုသုတလေးတွေ ရတယ်ဆိုရင် ကျနော်တို့ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ သိလို့တတ်လို့ရယ်မဟုတ်ပဲ၊ ကိုယ်မသိခဲ့တာလေးတွေ၊ ကိုယ့်တုန်းက မှားခဲ့တာလေးတွေကို နောက်လူတွေမမှားရအောင် သိစေလိုတဲ့သဘောနဲ့သာ ဝေမျှနေခြင်းဖြစ်ပါတယ်။ ကျနော်တို့ရေးသားတဲ့အထဲမှာ ဝေဖန်စရာ အကြံပြုစရာတွေ ရှိခဲ့ပါက ပို့စ်လေးတွေတိုင်းမှာ comment လေးတွေပေးပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။ အဲလိုcomment လေးတွေပေးခြင်းအားဖြင့် စာရေးတဲ့သူတွေ အတွက်လည်း နောက်ထပ်ပို့စ် လေးတွေရေးဖို့ ခွန်အားလေးတွေရရှိစေပါတယ်။ အခုလည်း ကျနော်တို့ Authentic Corner ရဲ့ ၃ လပြည့်အထိမ်းအမှတ် အနေနဲ့ ကိုဝေဖြိုးက ကိုယ်ပိုင် ဖန်တီးတဲ့ပုံလေးတွေနဲ့အတူ အထူးတလည် ရေးသားထားပါတယ်။ ပုံပေါင်း ၁၀ ပုံကျော်လောက်ကို lighting အမျိုးမျိုးနဲ့ ပုံစံလေးတွေစုံအောင် တခုချင်းစီ ရှင်းပြထားတာတွေ့မှာပါ။ ဖတ်ရှုလေ့လာကြည့်ပါဦးခင်ဗျာ။

Read More>> “Interior Lighting & Design Relative” »

INTERIOR DESIGN ဆိုသည်မှာ…..

ဒီနေ့ ခေတ်မှာ Interior Design ဆိုတဲ့ စကားလုံးက အတော့်ကို တွင်တွင်ကျယ်ကျယ် ကြားနေရပါတယ်။ ကျွန်တော့် အနေနဲ့ လဲ ပြည့်ပြည့် စုံစုံတော့ သိလှ တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိသမျှ လေးတွေ ကို စနစ်တစ်ကျ ေ၀မျှ ပေးချင်ပါတယ်။ ရည်ရွယ်ချက် ကတော့ Interior Design နဲ့ ပတ်သတ်နေတဲ့ ၀န်းကျင် စိတ်၀င်စား တဲ့ သူတွေ အတွက် သိသင့်တဲ့ ဗဟုသုတ လေးတွေ ေ၀မျှ ပေးချင်တာပါ။ ဒါမှ လဲ Interior Design နဲ့ ပတ်သတ် ပြီး ဘယ်လို လုပ်ငန်း ဆောင်တာတွေ ပါ၀င်တယ် ၊ ဘယ်လို တာ၀န်တွေကို ယူရတယ် ဆိုတဲ့ အသိတွေ ရှိလာပြီး မှန်ကန်တဲ့ တာ၀န်ယူသူတွေ ကို ဘယ်လို တန်ဖိုးထား ရတယ် ဆိုတာ သဘောပေါက် နားလည်လာမှာပါ။ Interior Design ဆိုတဲ့ ၀န်းကျင်ကို လက်ရှိ သတ်မှတ်ထားတဲ့ တာ၀န်တွေ ပေါ်မူတည်ပြီး လုပ်ဆောင် ရမယ့် အပိုင်းတွေ အလိုက် သက်ဆိုင်ရာ နာမည် တွေ သတ်မှတ် ပေးထားပါတယ်။
၁။ Interior Architect
၂ ။ Interior Designer
၃ ။ Interior Decorator ဆိုပြီး ယေဘူယျ အားဖြင့် ၃ မျိုး ခွဲ ထားပါတယ်။

Read More>> “INTERIOR DESIGN ဆိုသည်မှာ…..” »

ကျနော်ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ.အကြုံများ ၁

Interior Design & supervise လုပ်ရတာ အရမ်းခေါင်းစားပါတယ်။ အလွန်လဲ စိတ်ရှည် စေ့စပ်ရပါတယ်။ Client နဲ့ ဘယ်လောက်ပဲ အဆင်ပြေပါစေ တစ်ချက်ကလေး တိမ်းစောင်းသွားတာနဲ့ တော်တော်ကို ပြန်ဆယ်ယူရပါတယ်။ ဥပမာ- final painting မှာ နဲနဲ လက်ရာကြမ်းသွားတာပဲဖြစ်ဖြစ်၊ color နဲနဲ မကြိုက်တော့တာပဲဖြစ်ဖြစ် အရှေ့က လုပ်ခဲ့တာတွေ သွားရောပဲ။ အဆောက်အဦးရဲ့ structure အကြမ်းထည်မှာက client ကပုံမှန်အားဖြင် သိပ်မမြင်တော့ မြန်ပြီး ခိုင်ခန့် သပ်ရပ်အောင် လောက်ပဲ ဂရုစိုက်လေ့ ရှိပါတယ်။ Interior ပိုင်းမှာတော့ မြင်လွယ်ပြီး နောက်ဆုံး ထိတွေ့ အသုံးပြုရမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်ရှည်ပြီး Client complain ကိုလည်း ထိမ်းရပါတယ်။ တစ်ကယ့်ကို ၀ါသနာပါမှ စိတ်ရှည်နိုင်မှ ဖြစ်မှာပါ။

  Read More>> “ကျနော်ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ.အကြုံများ ၁” »

Lighting Basic သို. အလင်းရဲ့အခြေခံ အပိုင်း ၂

Light sources တွေမှာ point light source (မီးလုံး) , Linear light source (မီးချောင်း) , Area light source (ceiling plain light) လိုမျိုးအခြေခံအားဖြင့်ရှိပါတယ်.. ကျွန်တော်တို့ တွေ အသုံးပြုနေတဲ့ ..မြင်တွေ့နေရတဲ့ light source တွေရဲ့ သဘောသဘာ၀လေးတွေ ရဲ့ အကြောင်းလေးတွေ အခြေခံအားဖြင့်သိဖို့လိုအပ်ပါမယ်။ ပထမဆုံးအနေနဲ့ Incandescent Light လို့ခေါ်တဲ့ အမျိုးအစားပါ …ကျွန်တော်တို့ ပတ်၀န်းကျင်မှာ ငယ်ငယ်လေးထဲက အသုံးများတဲ့ ရိုးရိုးမီးသီးတွေပါ။

  1. Traditional Light Bulbs
  2. Halogen Light Bulbs
  3. Incandescent light Bulbs with incorporated reflector

Read More>> “Lighting Basic သို. အလင်းရဲ့အခြေခံ အပိုင်း ၂” »