ဒီအဆောက်အဦးလေးက ပြီးခဲ့တဲ့နှစ် ကျနော်ပြန်လာတုန်းမှာ ကန်ထရိုက်တာတွေ ဆက်မလုပ်ရဲတော့လို့ ကုမ္ပဏီတစ်ခုကနေတာဝန်ယူပေးရတဲ့ အဆောက်အဦးကို ကျနော် ကြုံလို့ သွားပြီး ကြည့်ခဲ့ရတဲ့ပုံလေးပါ။ ဒီပုံလေးကို ကျနော်တို့ အတူတူ လေ့လာကြည့်ရအောင်ပါ။ ဘာတွေဖြစ်နေသလဲပေါ့။
Author Archives: Authentic Corner
စိန်ခေါ်မှုမှသည်အခွင့်အလမ်းဆီသို့
တကယ်ကောင်းတဲ့စာလေးမို့ဖော်ပြလိုက်ပါတယ်။ ရေးသားသူကတော့ Udp Myanmar ပဲဖြစ်ပါတယ်ခင်ဗျာ။
စိန်ခေါ်ချက်တွေကိုအခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်ဖို့ အချိန် တန်ပါပြီ။
Time to Turn around Challenges into Opportunities
မြန်မာပြည်ဟာ စိန်ခေါ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ပါ။ တကယ်တော့ ဒီစိန်ခေါ်ချက်-Challenges တွေပင်လျင် စနစ်တကျနဲ့ စီမံခန့်ခွဲကာ ပြောင်းလဲ ပစ်နိုင်ရင်-Turn Around လုပ်နိုင်ရင် အခွင့်အလမ်းတွေ-Opportunities တွေ ဖြစ်လာပါမည်။တိုင်းပြည် ဆင်းရဲတာ၊ မဖွံ့ဖြိုးသေးတာ စတဲ့အချက်တွေကိုက မြန်မာပြည်မှာ လုပ်စရာတွေ လုပ်လို့ရနိုင်တဲ့အချက်တွေ အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတယ် ကျန်နေသေးတဲ့သဘောပါ။ဒါကြောင့်ပဲ ဆင်းရဲမှုတွေနဲ့ တိုးတက်ဖွံ့ဖြိုးမှု မရှိသေးတာတွေကိုချမ်းသာလာအောင် တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဖို့ အခွင့်အလန်းတွေအဖြစ် ရှိနေတာလို့ ဆိုနိုင်ပါသည်။
Read More>> “စိန်ခေါ်မှုမှသည်အခွင့်အလမ်းဆီသို့” »
Error establishing a database connection
ကျနော် ဟိုနေ့က Hosting က ပါတ်စ၀ါ့ မေ့သွားလို့ ချိန်းလိုက်တာ ပြဿနာ တစ်ခုနဲ့ကြုံလိုက်ရပါတယ်။ ဘာလဲဆိုရင် ကျနော့်ဆိုဒ်ကို ဖွင့်လိုက်တိုင်းမှာ Error establishing a database connection ဆိုပြီးတော့ ပေါ်လာတာပါပဲ။ ကျနော်ထင်လိုက်တာက server ဒေါင်းလို့များလားဆိုပြီးတော့ စောင့်ကြည့်လိုက်ပါတယ်။ နောက်ရက်စမ်းကြည့်တော့လည်း အတူတူပဲဖြစ်နေပါတယ်။ အဲဒါနဲ့ ကျနော်ဘာလုပ်ရမှန်းမသိဘူး။ ပြန်ပြီးတော့ database restore လုပ်ကြည့်တယ်။ မရဘူး။
အဲဒါနဲ့ပဲ အင်တာနက်ထဲမှာပဲရှာကြည့်လိုက်တာ တန်းပြီးတော့တွေ့ပါတယ်။ ဘာလဲဆိုတော့ wp-config.php ကို password စစ်ကြည့်ဖို့ပါ။ အဲဒါနဲ့ ကျနော့် ဆိုဒ်က ဖိုင်ကို ဒေါင်းလုတ်ပြန်လုပ်ပြီးတော့ စစ်ကြည့်လိုက်တာ ကွက်တိပဲဗျာ။ အရင် အဟောင်းဖြစ်နေတာပေါ့။ အဲဒီမှာချိန်းလိုက်ပြီးတော့ ဖိုင်ကို upload လုပ်လိုက်တာ အရင်အတိုင်းပဲ အဆင်ပြေသွားတာပဲ။
/** MySQL database password */
define(‘DB_PASSWORD’, ‘စကားဝှက် အသစ်ကို ဒီမှာထည့်ပါ။’);
Interview with SAMAT Design Group
Authentic Corner ရဲ့ ပထမဦးဆုံး အင်တာဗျူးလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Authentic Corner အဖွဲ့ ကနေ SAMAT လို့ခေါ်တဲ့ ဒီဇိုင်းအဖွဲ့လေးကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ SAMAT ဆိုတာကတော့ အဖွဲ့တစ်ခုရဲ့အမည်ဖြစ်ပါတယ်။ အဲဒီ SAMAT အဖွဲ့က The ASEAN Academy of Engineering and Technology (AAET) ကနေ ASEAN ဒေသတွင်းမှာပြုလုပ်ကျင်းပခဲ့တဲ့ ၀င်ငွေနည်းတဲ့သူတွေ တတ်နိုင်မဲ့ အိမ်ဒီဇိုင်းလုပ်တဲ့ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းသတ်မှတ်ချက် အနေနဲ့ အဲဒီအိမ်လေးဟာ ဈေးလည်းသက်သာရမယ်၊ သဘာ၀ပတ်၀န်းကျင်နဲ့လည်း သဟဇာတဖြစ်ရမယ်၊ ပြောင်းလဲလာတဲ့ ရာသီဥတုတွေကြောင့် ဖြစ်ပေါ်လာမဲ့ ဘေးအန္တရယ်တွေကိုလည်း ကာကွယ်နိုင်ရမယ်…အစရှိတဲ့ အချက်တွေကို ဦးစားပေးစဉ်းစားဖို့ ကန့်သတ်ထားပါတယ်။ ဆုအဖြစ်နဲ့ ရရှိခဲ့တာကတော့ ASEAN Young Innovative Designer – 2010 certificate ဖြစ်ပြီးတော့ ငွေသားအနေနဲ့ USD 5,000 ဖြစ်ပါတယ်။ အဲဒီ Group ကို ကိုယ်စားပြုပြီး group member တစ်ယောက်ဖြစ်တဲ့ ကိုအောင်မင်းထူးနဲ့ အင်တာဗျူးဖြစ်ခဲ့တာလေးပါ။ တိုင်းပြည်အတွက် ဂုဏ်ယူစရာ မျိုးဆက်သစ် လူငယ်လေးတွေအတွက် ဂုဏ်ယူ၀မ်းမြောက်စွာနဲ့ ကျွန်တော်တို့ Authentic Corner အဖွဲ့ သားများက အုတ်တစ်ချပ် သဲ တစ်ပွင့် အနေနဲ့ တင်ဆက်လိုက်ပါတယ် ခင်ဗျာ။
Design model
ဒီပြိုင်ပွဲကို ညီလေးတို့ ဘယ်လိုသိခဲ့သလဲ။ နောက် ညီလေးတို့ ပြိုင်ပွဲဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။
ကျွန်တော်တို့ ဒီပြိုင်ပွဲကို စသိခဲ့တာကတော့ ဂျာနယ်တွေကနေ စသိခဲ့တာပါ။ အရင်ဆုံးသိခဲ့တာကတော့ အောင်ဖြိုးပေါ့နော်။ သူက သူငယ်ချင်းတွေကို အသိပေးပြီး ၀င်ပြိုင်ဖို့တိုင်ပင်ခဲ့ကြတာပါ။ ၀င်ပြိုင်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ နှစ်ချက်ပါ။ ပထမတစ်ချက်တော့ ကမ္ဘာ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာ၀ဘေးအန္တရယ်တွေ ဖြစ်လာခဲ့ရင် တတိယကမ္ဘာက လူတွေအတွက်ဘယ်လို စဉ်းစားပေးကြမလဲ ဆိုတာရယ်၊ နောက်တစ်ချက်ကတော့ Arhitectural Designs တွေမှာ Green Aspect ကိုထည့်သွင်းစဉ်းစားသင့်ပြီဆိုတာကိုသက် သေပြချင်တာရယ်ကြောင့် ၀င်ပြိုင်ဖြစ်ခဲ့တာပါ။
ညီလေးတို့ရခဲ့တဲ့ ASEAN Young Innovative Designer -2010 ဆုအမျိုးအစားနဲ့ ဒီပြိုင်ပွဲမှာ ဆုရအောင် ညီလေးတို့ စုစည်းပြင်ဆင်ခဲ့ပုံလေးပြောပြပေးပါဦး။
ဆုအမျိုးအစား ကတော့ အာစီယံဒေသတွင်းမှာရှိတဲ့ လူငယ်ပညာရှင်တွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ ဆုအမျိုးအစားပါ။ ပြိုင်ပွဲ ဆုရရင် ဆုတံဆိပ် တွေအစား ASEAN Young Innovative Designer Awards ဆိုတဲ့ Certificate ကိုပေးမှာပါ။ စုစည်းခဲ့ပုံကတော့ ပထမကတော့ အောင်ဖြိုး၊ ကျွန်တော် (အောင်မင်းထူး)၊ မိုဃ်းပွင့်ဖြူ နှင့် သူသူနွေကျော် တို့က လွန်ခဲ့တဲ့ ရှစ်နှစ် သန်လျှင် (GTC) စတက်ကတည်းက ခင်ခဲ့ကြတာလေ။ ကျွန်တော်တို့ သူငယ်ချင်းလေးယောက် ကတော့ ပြိုင်ပွဲပြိုင်မယ်ဆိုကတည်းက အတူတူတစ်စိတ် ထဲ ဖြစ်ခဲ့တာပါ။ နောက် တော့ မှ အောင်ဖြိုးတို့ရုံးက မဆုရည်အောင်ကို လာပူးပေါင်းဖို့ ဖိတ်ဖြစ်ခဲ့ပါတယ်။ အဲသည်လိုနဲ့ ကျွန်တော်တို့အဖွဲ့က ငါးယောက်ဖြစ်သွားတာပါ။ မဆုရည် အောင်က ကျွန်တော်တို့ ထဲမှာ အသက်အကြီးဆုံးလည်းဖြစ် အတွေ့အကြုံလည်းများတော့ မဆုရည်အောင်ကိုပဲ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခဲ့တာပါ။
ညီလေးတို့ အဖွဲ့ အားလုံးပေါင်း (၅) ယောက်နော်။ ညီလေးတို့ အဖွဲ့ဝင် တစ်ယောက်ခြင်းစီရဲ့ အကြောင်းလေးတွေကို မိတ်ဆက်ပေးပါဦး။
ကျွန်တော်တို့စပြိုင်မယ် လုပ်တော့ အဖွဲ့နဲ့လည်းဖြစ်တာကြောင့် အဖွဲ့နာမည်တော့ ပေးဖို့လိုမယ်ဆိုပြီး အသံထွက်လို့လည်း ကောင်းအောင် နဲ့ တစ်ယာက်ချင်းစီရဲ့ နာမည်အတိုကောက်တွေကို ပဲ S.A.M.A.T လို့ပေးခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့
S = Su Yee Aung
A = Aung Phyoe
M = Moe Pwint Phyu
A = Aung Min Htoo
T = Thu Thu Nway Kyaw
ဆိုပြီး အဖွဲ့နာမည်ကိုပေးခဲ့တာပါ။
မစုရည်အောင်ကတော့ လက်ရှိမှာ Spine Architect မှာ Project Architect လုပ်နေပါတယ်။ အောင်ဖြိုးက က ပြိုင်ပွဲ၀င်တဲ့အချိန်တုန်းကတော့ Spine Architect မှာ Architect လုပ်နေခဲ့ပြီး အခု လက်ရှိမှာတော့ စင်ကာပူက RSP Architect, Planner & Engineer Company မှာ Architect လုပ်နေတာပါ။ ကျွန်တော်ကတော့ ပြိုင်ပွဲ၀င်တဲ့ အချိန်တုန်းက Freelance Architectural Visualization Artist ပါ။ ခုချိန်မှာတော့ Dream Modeler ဆိုတဲ့ ကိုယ်ပိုင် 3d Visualization Service ထောင်ပြီး ရုံးခန်းဖွင့်ထားပါတယ်။ ကျွန်တော်က လွန်ခဲ့ တဲ့ ၁၀ နှစ်၀န်းကျင်ကတော့ အဖေ့ရဲ့ Wind Energy Research Program မှာ Assistant လုပ်ခဲ့ဖူးပါတယ်။ဒါကြောင့်လည်း ဒီပြိုင်ပွဲမှာ Energy Sector ဘက်ကအများဆုံးပါ၀င်ဖြစ်ခဲ့တာပါ။
သူသူနွေကျော်နဲ့ မိုဃ်းပွင့်ဖြူ ကလည်း လက်ရှိမှာ Spine Architect မှာ Architect လုပ်နေပါတယ်။
ညီလေးတို့ Design Concept မှာ Safety, Eco-Friendly နဲ့ Affordable ဆိုတဲ့ အပိုင်းသုံးပိုင်း ပါတာတွေ့ရပါတယ်။ အဲဒီအပိုင်းတွေမှာ ညီလေးတို့ အဖွဲ့မှာ ဘယ်လိုတာဝန်ခွဲဝေ လုပ်ဆောင်ခဲ့ပါသလဲ။
Design Concept, Safety, Eco-Friendly နဲ့ Affordable ကတော့ အားလုံးကဆက်စပ် နေတာဆိုတော့ အားလုံး ပဲ ပေါင်ပြီး Brain Storming လုပ်ခဲ့ကြတာပါ။ ပြိုင်ပွဲ စပြိုင်လို့ ပထမ တစ်ပတ်ကတော့ အားလုံး ပြည့်စုံတဲ့ Design Concept ကိုရဖို့ အပြင်းအထန် ဆွေးနွေးခဲ့ကြရတယ် လေ။
ညီလေးတို့ Project မှာ ထည့်သွင်းစဉ်းစားပေးထားတဲ့ Safety အပိုင်းလေးကို ရှင်းပြပေးပါဦး။
Safety အပိုင်းတော့ ကျွန်တော်အပြောချင်ဆုံးနဲ့ ကျွန်တော်တို့ဒီဇိုင်းမှာ အရေးအကြီးဆုံးအပိုင်းပါ။ Safety လို့ပြောရင် မြို့ပြ အိမ်ယာ တွေမှတော့ အဓိကကတော့ မီးဘေး နှင့် ငလျင်ဒဏ် ခံနိုင်ဖို့က ပိုအရေးကြီးတယ်ပေါ့နော်။ ဒါပေမယ့်ခုလို့ ကျေးလက်အိမ်ယာအတွက် ကျတော့ သည် ထက် အရေးကြီးတဲ့အပိုင်းပါလာတယ်လေ။ ဒါကတော့ အခုတတိယကမ္ဘာတွေမှ အဓိက ကြုံနေရ တဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ သဘာ၀ဘေးအန ္တရယ်ရဲ့ ဒဏ်တွေကို ခံနိုင်ဖို့ ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ Nargis ဆိုင်ကလုန်း မုန်တိုင်းက ၀မ်းနည်းဖို့အကောင်းဆုံးသက်သေပါပဲ။ဒီသင်ခန်းစာကို ဆင်ခြင်ပြီး ကျွန်တော်တို့ ဒီဇိုင်းထုတ်မယ် အိမ်လေးမှာ ကိုယ်ပိုင် Cyclone Shelter တစ်ခုထည့်ဖို့စဉ်းစားခဲ့ကြပါတယ်။ အကယ်၍ မုန်တိုင်း သတင်းကို အသိနောက်ကျခဲ့လို့ ရှိရင်တောင် မုန်တိုင်းဖြစ်လာရင် ဘယ်မှာ ထွက်ပြေးစရာမလိုပဲ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင်တောင် လုံခြုံမယ့် အခန်းလေးတစ်ခန်းပါအောင် စဉ်းစားပေးခဲ့ပါတယ်။ သာမာန်အချိန်မှာတော့ ဒီအခန်းလေးက အိပ်ခန်းလေးအနေနဲ့ အသုံးပြုနိုင်မှာပါ။ အကယ်၍ မုန်တိုုင်းတိုက်လာရင်တော့ Interlocking Concrete Block နဲ့ဆောက်ထားတဲ့ ဒီအခန်းလေးက လေတိုက်နှုန်း တစ်နာရီ ၁၅၀ မိုင်အထိ ခံနိုင်ရည် ရှိအောင် ဒီဇိုင်းထုတ်ထားတာပါ။
နောက်တစ်ခုကတော့ Torrential rain ကြောင့်ဖြစ်တဲ့ ရေကြီးမှုတွေပေါ့လေ။ ကျွန်တော်တို့ပြိုင်ပွဲ မ၀င်ခင်တစ်လလောက်က တော့ ပါကစ္စတန်မှာ ရေကြီးခဲ့တယ်လေ။ နိုင်ငံရဲ့ လေးပုံတစ်ပုံလောက်ရေနစ်မြုပ်သွားခဲ့တယ်။ အဲလိုဖြစ်တော့ လူတွေက ရေကြီးတဲ့ နေရာတွေမှာ ပိတ်မိနေကြတယ်။ ထွက်ပြေးဖို့အတွက် က ရေက ရင်ဆို့လောက်ပဲနက်တယ်ထားဦး လမ်းလျှောက်သွားရမှာဆိုတော့ လမ်းလျှောက်ရမယ့် ခရီးက လည်း မိုင် ၅၀ ကနေ ၁၀၀ လောကေ်၀းတော့ ကယ်ဆယ်ရေးစခန်းတို့လိုမျိုး အကူအညီ ရှိပြီး ဘေးလွတ်မယ့် နေရာမျိုးကို သွားဖို့က တအားခက်ခဲတယ်လေ။ ဒီတော့ ကျွန်တော်တို့ အိမ်ကလေးရဲ့ အိမ်ရှေ့ ကပြင်လေးကို dual usage ဖြစ်အောင် design လုပ်ခဲ့တယ်လေ။ သာမာန်ဘာမှ မဖြစ်တဲ့ အချိန်ဆိုရင် ရိုးရိုး ကပြင်ပေါ့။ ဒါပေမယ့် ရေကြီးလာရင်တော့ အိမ်ကို စွန့်ခွာသားလို့ရမယ်ဖောင် အနေနဲ့စဉ်းစားခဲ့ပါတယ်။ တစ်ခုမေးစရာ ရှိတာက propeller လိုဘူးလားပေါ့။ Propeller ကတော့ ရရာ ၀ါးလုံး သစ်သားချောင်းနဲ့ထောက်သွားရုံပါပဲ။ အဓိက ကတော့ ဒဏ်ရာရနေမယ့်သူ၊ သက်ကြီးရွယ်အို နှင့် နာမကျန်းဖြစ်နေမယ့်သူတွေကို ဘေးလွတ်ရာရောက်အောင်ပို့ဖို့ပါ။
ဒါကတော့ ကျွန်တော့်တို့ စဉ်းစားပေးခဲ့တဲ့ Safety Design Concept နဲ့ပက်သက်တဲ့ Innovative Idea လေးပါ။
Eco-Friendly ဆိုတဲ့ စကားလုံးလေးနဲ့ပတ်သက်ရင် လူတော်တော်များများက သိပ်မရင်းနှီးသေးတော့ အဲဒီစကားလုံးလေးကို မိတ်ဆက်ပြောပြပေးပါဦး။ နောက် ညီလေးတို့ Project မှာ Eco-Friendly ဖြစ်အောင် ဘယ်လိုလုပ်ထားပါသလဲ။
Eco-Friendly ဆိုတဲ့ စကားကတော့ အခုအချိန်မှာ အရမ်းကိုပြောလာကြပြီး အရမ်းလည်း အရေးပါလာတဲ့စကားတစ်ခုပါ။ Eco-Friendly ဆိုတာကတော့ အဓိကကတော့ ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်မှုပါ။ ပတ်၀န်းကျင်နဲ့ သဟာဇာတ ဖြစ်မယ် ဆိုတာကတော့ ယခုလက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ရာသီဥတု ဖောက်ပြန်မှု တွေကိုအဓိက ဖြစ်နေတဲ့ ဖန်လုံအိမ် အာနိသင်ကိုဖြစ်စေတဲ့ Carbon ထုတ်လွှတ် မှုကိုလျှော့ချဖို့ပါ။ အခုလက်ရှိဖွံ့ဖြိုးဆဲနိုင်ငံ တွေက အိမ်သုံးစွမ်းအင်တွေက ရုပ်ကြွင်း လောင်စာတွေကိုပဲ အားကိုးနေရတုန်းလေ။ ဒါကြောင့် ကျေးလက်ဒေသတွေ အတွက် လျှပ်စစ်မီး ရရှိဖို့ စဉ်းစားပေးမယ်ဆိုရင် ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ Green Energy နဲ့မိတ်ဆက်ပေး တာအကောင်းဆုံးလို့စဉ်းစားမိခဲ့တယ်လေ။ ဒါကြောင့် လည်း အိမ်ကို မီးပေးတဲ့ စနစ်ကို ကာဗွန်ထုတ်လွှတ်မှုလုံး၀ မရှိတဲ့ လေအားနဲ့ နေရောင်ခြည်စွမ်းအင်ကို အဓိက အားကိုးထားတာပါ။ solar panel ကတော့ ၀ယ်သုံးဖို့ ရည်ညွှန်းခဲ့ပေမယ့် လေရဟတ်က တော့ ကိုယ်ပိုင် Design ပါ။ နောက်ပြီး ပြိုင်ပွဲ ၀င်မယ်ဆိုမှ လေရဟတ်ကို ဒီဇိုင်းထုတ်တာ မဟုတ်ပါဘူး။ ဆယ်စုနှစ်တစ်ခု စာ သုတေသန က ရခဲ့တဲ့ ရလဒ်ထဲက တစ်ခုပါ။
နောက်တစ်ခုကတော့ အိမ်ဆောက်တဲ့ အခါသုံးမယ့် material choosing ပိုင်းပါ။ Eco-Friendly ဖြစ်မယ့် အခုလက်ရှိ စမ်းသပ်ဆဲရော စမ်းသပ်ပြီးလို့ရောင်းနေတဲ့ construction material တွေက ဈေးကွက်ထဲမှာတော်တော်များများရှိနေပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီ material တွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျေးလက်ဒေသ တွေကိုရောက်ဖို့ဆိုတာ သိပ်မလွယ်နိုင်ဘူးလေ။ တကယ်တန်း Eco-Friendly ဖြစ်မယ့် Material ကျေးလက်ဒေသတွေမှာ ရှိတဲ့ local materials တွေကိုပဲ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လေ။အဲလို စဉ်းစားမိတော့ ၀ါးပင်က ပတ်၀န်းကျင် နဲ့တော်တော် သဟဇာတ ဖြစ်တာ တွေ့မိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကဒီအိမ်ယာ တွေကို တစ်ဦး တစ်ယောက် က ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု က လှုဒါန်းခဲ့ရင် နောင်အခါ အိမ်က ပျက်စီးယိုယွင်းလာခဲ့ရင် ပြုပြင်ဖို့ လိုအပ်တဲ့ material ကုရဖို့ဓါးမ တစ်ချောင်း ခါးကြားထိုးပြီး သွားရှာရုံနဲ့ လိုအပ်တဲ့ material ရပြီးပြန်ပြင်လို့ ရအောင်အထိပါ စဉ်းစားခဲ့တာပါ။ ၀ါးပင်က ဘာလို့ Eco-Friendly ဖြစ်တယ်လို့ ပြောလို့ရလဲ ဆိုရင် တော့ တစ်အချက် ၀ါးပင်က အကြီးမြန်ပါတယ်။မျှစ်ဆို့ဘ၀ကနေ သုံးလို့ရတဲ့၀ါးပင် အထိဖြစ်ဖို့ဆိုရင်ရက်ပိုင်းလောက်ပဲ ကြာ တယ် လေ။ တစ်ချို့ ၀ါးမျိုးတွေဆို တစ်နေ့ကို ပျမ်းမျှ လေးပေလောက် ထိရှည်နှုန်းရှိကြတယ်လေ။ နှစ်အချက်ကတော့ ၀ါးပင်က သိပ်ကောင်းတဲ့ Carbon Sink ပါ။ သာ မာန်သစ်မာတွေဆို သူတို့ စုတ်ယူထားတဲ့ ကာဗွန်တွေကို သူတို့ သေသွားပြီးတဲ့ အခါ အဲဒီသစ်ပင်ကိုစားတဲ့ Bacteria တွေက ကာဗွန်ကို ပြန်ထုတ် လေ့ရှိပါတယ်။ ၀ါးပင်ကတော့ အဲလိုမဟုတ်ပါဘူး။ သူစုတ်ယူထားတဲ့ Carbon ကို မီးမရှို့မချင်း ပြန်ကိုမထုတ်တော့ဘူးလေ။ ဒါကိုလည်း တစ်ချက်အနေနဲ့ စဉ်းစားမိခဲ့တာပါပါတယ်။
ညီလေးတို့ Project ကို ပြင်ဆင်တဲ့အချိန်မှာ မြန်မာနိုင်ငံ အနေနဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေ၊ နိုင်ငံခြားနဲ့ ဆက်ဆံတဲ့အခါတွေ့ကြုံရတဲ့ အခက်အခဲ စတဲ့ အခက်အခဲလေးတွေကို သိပါရစေဗျာ။
- အခက်အခဲကတော့ အများကြီးပါ။ အဓိက ကတော့ မြန်မာ နိုင်ငံက Premliminary Judging Panel ကိုကျော်ဖို့တောင်မလွယ်ဘူးလေ။ စစ်မယ့် ဆရာကြီးတွေ ကိုယ့် Design ကိုနားလည်အောင်က ပါးစပ်နဲ့ပြောဖို့ Jury လည်းမရှိတော့နားလည်အောင် စာပန်းချီ နဲ့ပဲသရုပ်ဖော်ဖို့လုပ်ရပါတယ်။ အဓိကကတော့ Computer visualization Images တွေနဲ့ ကိုယ့်အိမ် လေးကိုဆောက်ပြီးရင် ပေါ်လာမယ် ပုံနဲ့ အနီးစပ်ဆုံးဖြစ်အောင် လုပ်ယူရပါတယ်။ ပြီးတော့ မှ ပုံတွေကို ရုပ်ပြစာအုပ်တစ် အုပ်စာလောက်ကို ဖြစ်အောင် ပုံတွေကို စီပြီး ရှင်းပြခဲ့ပါတယ်။ နောက်တော့မှ ကျွန်တော်တို့ Desgin နဲ့ပက်သက်ပြီး စမျက်နှာ ၃၂ မျက်နှာရှိတဲ့ Report ကိုပါတွဲတင်ခဲ့တာပါ။ အဲဒီထဲမှာမှ Design နဲ့ပက်သက်တာတွေကို အသေးစိတ်ရှင်းပြဖြစ်ခဲ့တယ်လေ။ ဒါတွေကတော့ပြိုင်ပွဲမှာ ကြုံခဲ့ရတဲ အဓိက အခက်အခဲပါ။
ညီလေးတို့ Presentation လုပ်တဲ့နေရာမှာ sketch,2D, 3D နဲ့ render ပုံလေးတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒီလိုမျိုးလေးဖြစ်အောင် ဘယ်လို software တွေသုံးပြီးတော့ ဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာလေးပြောပြပါဦး။
ဟုတ်ကဲ့ Softwares တွေကတော့ ကျွန်တော်တို့အတွက် အဓိက လက်နက်တွေ အဖြစ်ပါ၀င်ခဲ့ပါတယ်။ ဒီဇိုင်း ဘယ်လောက် ကောင်းကောင်း သေသေချာချာ Illustrate မလုပ်နိုင်ရင် ပြိုင်ပွဲအမှတ်ပေးတဲ့ လူကြီးတွေက ကြည့်ရတာအဆင်ပြေမှာမဟုတ်ဘူးလေ။ ဒီဇိုင်းကို စပြီး develop လုပ်တော့ Auto CAD နှင့် Google sketchup နှစ်ခု နဲ့ တပြိုင်တည်းလုပ်တယ်။ ဒီဇိုင်းအားလုံး Complete ဖြစ်သွားတော့ မှ Final Illustration ကိုတော့ 3ds max နှင့် Vray ပေါင်းပြီး Render လုပ်တာပါ။ နောက်ပြီးတော့မှ Photoshop ကိုတော့ 2D Graphic Edition တို့ ပုံတွေပြန်စီတာကို တို့ကို သုံးတာပါ။ Vray ကိုအဓိက သုံးခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ရလာတဲ့ Render Output တွေက ဓာတ်ပုံလောက်နီးနီးကောင်းတာကြောင့်သုံးဖြစ်ခဲ့တာပါ။
ဒီ Project မှာ အသားပေးထားတဲ့ Green Technology အကြောင်းတွေကို ညီလေးတို့အနေနဲ့ ဘယ်လိုမျိုးပြန်ပြီး Sharing လုပ်ဖို့ရှိပါလဲ။
ဒီ Project မှာပါခဲ့တဲ့ Green Technology က ကျွန်တော်တို့ Internet ကနေ ဒေါင်းလုပ် လုပ်ပြီး ကူးထည့်ထားတာမဟုတ်ပါဘူး။ တကယ့် Research ကို Base လုပ်ပြီး ထုတ်ထားတဲ့ Design ပါ။ Green Aspect နဲ့ပက်သက်တဲ့ အပိုင်းကတော့ ကျွန်တော့်အနေနဲ့တော့ အမြဲ Share လုပ်ဖို့ ဆန္ဒ ရှိနေခဲ့တာပါ။ ဒီဆုရ ပြီးတဲ့နောက်ပိုင်းမှာတော့ Green Tech နဲ့ပက်သက်ပြီးဆောင်းပါးလေးတွေ ရေးဖြစ်ဖို့များပါတယ်။ တကယ်လို့ MES တို့လိုအဖွဲ့ အစည်းတွေက သာအထောက်အပံ့ပေးမယ်ဆိုရင်တော့ စာတမ်းဖတ်တာ မျိုးပါ လုပ်နိုင်မှာပါ။ ဒီပြိုင်ပွဲ ကို၀င်ပြိုင်ဖြစ်ခဲ့တာက လည်း Green Energy အရေးပါပုံတွေကို သက်သေပြချင်လို့ ၀င်ပြိုင်ဖြစ်ခဲ့တာလည်းပါတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ သိသမျှတက်သမျှတွေကို ရှယ်ယာရင်းလုပ်သွားမှာပါ။
AAET အနေနဲ့ ညီလေးတို့အဖွဲ့ကို ဘယ်လိုမျိုး supporting တွေ ပေးသွားဖို့ရှိသလဲ ပြောပေးပါဦးနော်။(ဥပမာ..ဆု..international experience)
AAET အနေနဲ့ကတော့ နောက်ပြိုင်ပွဲတွေနဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါ၀င်ဖို့တော့ပြော ထားပါတယ်။
ညီလေးတို့ ဆုရတဲ့ ဒီဇိုင်းကို ဘယ်လိုတွေ AAET အနေနဲ့ အသုံးပြုဖို့ အစီအစဉ်ရှိပါသလဲ။
ကျွန်တော်တို့ ဆုရ Design ကိုတော့ အာစီယံနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ သုံးမယ်လို့တော့သိရပါတယ်။
ဆုရမယ်လို့ သေချာတွက်ထားတာလား။ ဆုရတယ်လို့သိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် လေးလဲပြောပါဦး။
မျှော်လင့်ထားတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီ Project မှာ ဟာကွက်မရှိအောင်ရောကြိုးစားထားသလို အပေါ်က ပြောသလို အာစီယံနိုင်ငံ ရဲ့ဒေသတွေဖွိ့ဖြိုးရေးအတွက် တကယ့်ကို စေတနာထားပြီးလုပ်ထားလို့ ဆုရဖို့ အရမ်းကိုမျှော်လင့်ခဲ့တာပါ။ ဆုရတယ် ဆိုတော့ အတိုင်းမသိ ၀မ်းသာခဲ့မိပါတယ်။ နိုင်ငံအတွက်ပါ ဂုဏ်ယူ ရမယ့်ကိစ္စဆိုတော့ ပို၀မ်းသာမိပါတယ်။
တိုင်းပြည်အနေနဲ့ကော ညီလေးတို့ရဲ့ နိုင်ငံအတွက် ဂုဏ်ယူစရာ အောင်မြင်မှုအတွက် ဘယ် အစီအစဉ်လေးတွေ နဲ့ အထောက်အကူပြုဖို့ အစီအစဉ်လေးတွေလဲ ပြောပါဦးနော်။
တိုင်းပြည်အနေနဲ့လို့ပြောရရင်တော့ လောလောဆယ်တော့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နဲ့ မြန်မာနိုင်ငံ ဗိသုကာအသင်းကတော့ ဂုဏ်ပြုပွဲလုပ်ပေးမယ်လို့တော့ ကြားမိပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ကြားမိပါသေးတယ်။
မျိုးဆက်သစ်တွေအတွက် ညီလေးတို့ စကားလက်ဆောင်ပါးချင်တာလေးတွေ ပြောခဲ့ပေးပါဦး။
မျိုးဆက်သစ်လို့ပြောရင်တော့ အခုလက်ရှိ မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်မှာ တက် နေတဲ့ ညီလေး၊ ညီမလေးတွေကို အဓိက ပြောချင်ပါတယ်။ ခုနောက်ပိုင်း ကြုံလာရမယ့် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုပြသနာနဲ့ လောင်စာရှားပါးတဲ့ပြသနာက သေးသေးကွေး ကွေးမ ဟုတ်ပါဘူး။ ဒီပြသနာတွေကို နောင်တစ်ချိန်ကိုဖြေရှင်းဖို့က အခုကျွန်တော်တို့လို လူငယ်တွေ ပိုကြိုးစားရမှာပါ။တက္ကသိုလ် က သင်ရိုးထဲမှာ ဒီကိစ္စတွေ ထဲထဲ၀င်၀င်မသင်သေးပေမယ့် မိမိဘာသာ လေ့လာဖို့လိုလိမ့်မယ်လို့ပြောချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် Authentic Corner အဖွဲ့ က ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ။ဒီထက် ပိုတဲ့ အောင်မြင်မှုတွေ လဲ ရပါစေနော် ။
စာဖတ်သူ မြန်မာ ပြည်သူ ပြည်သား အပေါင်းတို့လဲ ကျွန်တော်တို့နဲ့ ထပ်တူ ၀မ်းသာ ဂုဏ်ယူ နေမယ်လို့ မျှော်လင့်လျက် …..
3ds max အကြောင်းသိကောင်းစရာ – ၂
တစ်ကယ်. international architecture & engineer field မှာတော.3ds max Mental ray rendering engine နဲ. 3ds max မှာ plug-in အနေနဲ.သုံးတဲ. Vray render engine တွေကို သုံးပါတယ်။သူတို.၇ဲ. Quality ကတော. Realism (good ရှယ်)ပါပဲ။မသိ၇င် real photo လို.ထင်၇ပါတယ်။Mental ray ကတော. autocad 2008 & 2009 မှာသုံးတဲ. Rendering engine နဲ.တူပါတယ်။ Vray နဲ. Mental ray ကောင်းတာနဲ.အမျှ Rendering times က Scanline render ထက် အများကြီး ပိုပါတယ်။ Setting တွေ Idea တွေ approach method တွေများပါတယ်။ Mental ray rendering နဲ.သင်တဲ.သင်တန်းမရှိသလောက်ပါပဲ။ Vray လဲနည်းတူပါပဲ။ ဒါပေမယ်. vray render သင်ပေးတဲ.သင်တန်းတစ်ချို.တော. ရှိပါတယ်။ ရှင်းရှင်း ပြော၇၇င် တစ်ကယ် မသင်ပေးနိုင်ပါဘူး။ learning cd တွေ sample cd တွေဝယ်ပြီး အကြမ်းသင်ပေးတာပါ။ အဲဒီ learning တွေကိုတောင်သေသေချာချာ လေ.လာပြီး နားလည်အောင် သင်မပေးနိုင်ပါဘူး။ International မှာ vray နဲ. mental ray user တွေ အပြိုင်ပါပဲ။ Market leader ကတော. vray ပါ။ Read More>> “3ds max အကြောင်းသိကောင်းစရာ – ၂” »