Timber Mock-up

Timber Mock-up အကြောင်းမပြောခင် စင်္ကာပူက House and Development Board (HDB) က အဆောက်အဦးအကြောင်းလေးကို အရင်ဆုံး မိတ်ဆက်ပေးမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။ HDB ဆိုတာကတော့ စင်္ကာပူ အစိုးရ အဖွဲ့အစည်းဖြစ်ပြီးတော့ Public Housing တွေကို ကြီးကြပ်ကွပ်ကဲပြီးတော့ အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုစီမှာ ပိုင်ရှင် တစ်ယောက်စီပိုင်ဆိုင်တဲ့ အခန်းတွေကို Unit လို့ ခေါ်လေ့ရှိပြီးတော့ အဲဒီလို Unit ပုံစံအမျိုးမျိုးကို တွဲစပ်ပြီးတော့ အဆောက်အဦးပုံပေါ်အောင် ဒီဇိုင်းရေးဆွဲလေ့ ရှိပါတယ်။ Unit တွေကို 3 Room, 4 Room, 5 Room စသဖြင့်ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကဘာကို ဆိုလိုသလဲဆိုရင် 3 Room (2 Bed Room + Living Room) ဆိုရင် အိပ်ခန်း ၂ ခန်း နဲ့ ဧည့်ခန်း ၁ ခန်း ပါတာကို  3 Room Type လို့ခေါ်ပါတယ်။ အဲဒီလို 3 Room Type မှာ ပုံစံ နဲနဲကွဲသွားတာတွေလည်းပါလေ့ရှိပါတယ်။ အဲလိုမျိုးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စီမံကိန်းတစ်ခုမှာ တကယ်ပါတဲ့အခန်းပုံစံကတော့ လေးငါးမျိုးလောက်ပဲ ဖြစ်ပါတယ်။

Timber Mock-up ဆိုတာကတော့ တကယ်အဆောက်အဦးရဲ့ Super Structure မစခင်၊ ဖောင်ဒေးရှင်း (အများအားဖြင့် Pile Foundation) လုပ်နေတဲ့ အချိန်မှာ Typical Unit Type ( 3,4, 5 Room စသဖြင့် ပုံစံစုံအောင်) တွေအတွက် သစ်သားနဲ့ အထပ်သားတွေကိုသုံးပြီးတော့ တကယ့်ရှိမဲ့ အတိုင်းအတာအတိုင်း မဖြစ်မနေ ဆောက်ပေးရပါတယ်။ ဆောက်တဲ့အထဲမှာ Kitchen, Bath&W.C, Service Yard စတာတွေ ပါဝင်ပါတယ်။ အိပ်ခန်းတို့ ဧည့်ခန်းတို့ကိုတော့ ထည့်ဆောက်လေ့မရှိပါဘူး။ အဲဒီလို လုပ်ထားတဲ့ နမူနာပုံစံကို  Timber Mock-up လို့ခေါ်ပါတယ်။ HDB အဆောက်အဦးတွေမှာ Precast တွေကို အသုံးများတဲ့အတွက် Shop Drawing တွေကို ပြင်ဆင်နေတဲ့အချိန်မှာ Timber Mock-up ကို ဆောက်လုပ်ခြင်းဖြင့် Design လုပ်တုန်းက လွဲမှားခဲ့တာတွေ ရှိခဲ့ရင် Timber Mock-up မှာ တွေ့ရှိပြီး  ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဆောက်လက်စ Timber Mock-up ပုံလေးပါ။

သူ့မှာ ပါဝင်ရမဲ့ အစိတ်အပိုင်းတွေက M&E အပိုင်းတွေကို ထည့်သွင်းပေးရတယ်။ M&E fixtures တွေဖြစ်တဲ့ Toilet bow, Shower, Basin အစရှိတာတွေအပြင် ပိုက်လိုင်းတွေဖြစ်တဲ့ Sanitary Stack pipe, Hot water & Cold water line, Gas pipe စတာတွေပါထည့်ပေးရပါတယ်။ နံရံတွေ၊ ထုတ်တွေထဲမှာ မြှုပ်ထားတဲ့ ပိုက်လိုင်းဆိုရင်လည်း Tape နဲ့ ဖော်ပြပေးရပါတယ်။ Electrical ပိုင်းအနေနဲ့ဆိုရင် မီးခလုတ်တွေ၊ မီးလုံးတွေ စတာတွေပါ ထည့်ပေးရပါတယ်။ နောက် Archi ပိုင်းအတွက်ဆိုရင် ပြတင်းပေါက်နေရာတွေနဲ့ ကြွေပြားကပ်ရင် ဖြစ်လာမဲ့ လိုင်းလေးတွေလည်း ဆွဲပေးရတယ်။ နောက်ပိုင်းကြွေပြားကပ်တော့လည်း အဲဒီအတိုင်းပဲ ကပ်ပါတယ်။ ကြွေပြား အချပ်ပျက်ကို ဘယ်ဘယ်မှာထားမယ်၊ ကြွေပြားရဲ့ အစကဘယ်နေရာ၊ နောက် နံရံကြွေပြားနဲ့ အခင်းကြွေပြားကို ဘယ်လိုအဆင်ပြေအောင် ထားမလဲ၊ အခင်းကြွေပြားနဲ့ နံရံကြွေပြားဆိုဒ်က အတူတူပဲလား စသဖြင့် အဲဒီအချိန်ကတည်းက စဉ်းစားလို့ရစေပါတယ်။

ဒါလည်းအဲဒီထဲက ပုံတစ်ခုပါ။ Beam ကိုလည်း သူ့အရွယ်အစားအတိုင်း လုပ်ထားပေးပါတယ်

 

 

 

ဗယ်ဖက်ကအခန်းမှာတော့ကြွေပြားကို မျဉ်းပဲရိုက်ထားပါတယ်။ ညာဖက်ကတစ်ခုကတော့ တကယ်ကြွေပြားတွေကိုကပ်ထားတာပါ။ အဓိက ပြောခြင်တာကတော့ ကြွေပြားဝေတာကို ဆုံးဖြတ်ဖို့ပါ။

ဒါလေးက Service Yard လို့ခေါ်တဲ့နေရာလေးပါ။ မီးဖိုနဲ့ ကပ်ရက်မှာ ထားလေ့ရှိပြီးတော့ သူ့က ဝရံတာလိုမျိုးလေးပါပဲ။ သူ့ရဲ့ရည်ရွယ်ချက်က အဝတ်တွေ ထွက်လှန်းလို့ရအောင်ရယ်၊ နောက်ပြီးတော့ အဝတ်လျှော်စက်ကိုလည်း အဲဒီနေရာမှာ ထားလေ့ရှိပါတယ်။ အဲဒါကြောင့် tap point လေးတစ်ခုနဲ့ Socket လေး တစ်ခု ထည့်ပေးထားတာပါ။ အဝတ်လျှော်စက်ထားမဲ့နေရာက 650mm ဆိုတဲ့ အတောအတွင်းမှာ ထားမှဖြစ်ပါတယ်။ နောက်ပြီး အောက်မှာ အဲဒီအတွက် Discharge point လေးလည်း ထားပေးပါတယ်။

ဒါလေးက တော့ ရေချိုးခန်း အိမ်သာမှာ Shower တွေ၊ အိမ်သာအိုးတွေ၊ လက်ဆေးကန်တွေတပ်ထားပါတယ်။ နံရံထဲမှာ မြှုပ်ထားမဲ့ ရေပူ ရေအေးလိုင်းတွေကို Tape အရောင်တွေသုံးပြီးတော့ ပြထားပါတယ်။

ဒီလို Mock up sample ပုံစံလေးတွေ ပြုလုပ်ပေးခြင်းအားဖြင့် အမှားနဲနဲ နဲ့ အသုံးပြုသူ အိမ်သူအိမ်သားတွေအတွက် အဆင်ပြေတဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ဒီမှာ မေးစရာတစ်ခုရှိတာက ပုံမှာတင်ပဲ အဆင်ပြေအောင် လုပ်ပေးလို့ မရလို့ ဒီလို ပုံစံတူ လုပ်ပြီးမှ အမှားရှာရသလားဆိုတာပါ။ တကယ်တော့ ဘယ်လောက်တော်တဲ့သူပဲဖြစ်ပါစေ သတိလက်လွတ်ဖြစ်သွားတာတွေဖြစ်တတ်တာ သဘာ၀ပဲမဟုတ်ပါလား။ စီမံကိန်းတစ်ခုမှာ ဒီလို အိမ်ခန်းလေးတွေပေါင်း ၇၀၀ လောက်ရှိတာဖြစ်တဲ့အတွက် Timber Mock up လုပ်လိုက်ခြင်းအားဖြင့် ရလာတဲ့အကျိုးအမြတ်ကလည်းနဲ့ ယှဉ်ကြည့်ရင် တန်တယ်လို့ပြောရမှာပါ။ ကျနော်တို့မြန်မာနိုင်ငံမှာလည်း မဝေးတော့တဲ့ အနာဂါတ်မှာ ဒါမျိုးလေးတွေ ဖြစ်လာရင် ဖတ်မိတဲ့သူတွေ အသုံးတည့်စေချင်တဲ့ ဆန္ဒနဲ့ ဒီပို့စ်လေးကို ရေးပေးခြင်းသာဖြစ်ပါတယ်။

Facebook Comments

comments

Powered by Facebook Comments

2 thoughts on “Timber Mock-up

  1. ကျေးဇူးတင်ပါတယ်..။ ဖတ်ပြီးပြီးချင်း စိတ်ဓါတ်တော့ ကျရတယ်..။ အိပ်ခန်း(၇၀၀) ဆို အများကြီးကို မြတ်နေပါပြီ…(ကိုယ်ဖြုန်းခဲ့တဲ့ အလေအလွင့်တိုင်းဆို)။ ရမ်းတုတ်ကြည့်သလောက် သံ၊တိပ်၊ကော်၊ဂန်းဆံ ဖယ်ပြီး ဆေးဖိုး၊လက်ခပဲ ပြန်မရနိုင်ဘူး။ ဆေးက ထုံးသုတ်(မသုတ်လည်း ရမလားပဲ) လက်ခလည်း ညျိရင် သူ့နှုန်းထက်လျှော့နိုင်တာပဲ။ သူနဲ့ကိုယ် အလှည့်ကျလွဲတာက ဒီလောက်တော့ ခိုက်တာပဲ..။ အမ်အန်အီး၀င်ကြပီဟဆို လွှနဲ့ဆောက်ကို တွင်တွင်ကြီး အားကိုးရတာ..။ ပညာရှင်ရှိတဲ့ မြို့ကြီးတွေတော့မသိ၊ ကိုယ့်ဆီမှာ ပြန်ပြောပြရင်တောင် ခွက်ထိုးခွက်လန်ကို ရယ်ကြမှာ..။ မဝေးတဲ့ အနာဂတ်ဟာ နတ်သက်နဲ့ မဖြစ်အောင်ပဲ ဆုတောင်းရမယ်။ ဒါနဲ့ဗျာ…. (လိုရင်း ခုမှရောက်)အမိုးရော လိုသေးလို့လား မေးချင်လို့… ပုံမှာပါနေလို့..။

  2. အမိုးလည်းလိုတာပေါ့ဗျာ။ မဟုတ်ရင် အထပ်သားတွေ ဆွေးကုန်မှာပေါ့။ ဒီမှာက နေပူတာနဲ့ မိုးရွာတာ နှစ်ခုပဲရှိတာဆိုတော့ မိုးက သိပ်မပြတ်ဘူးလေ။
    နောက်ပြီး လေး ငါးလ လောက်လည်းကြာတယ်ဗျ။ အဲဒါလေး အတည်ပြုဖို့အရေးကို။

Leave a Reply

Your email address will not be published. Required fields are marked *

*


four + 8 =

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>