နေစွမ်းအင် ( Solar Energy )
စွမ်းအင်အားလုံး ၏အဓိက အရင်းအမြစ်မှာ နေစွမ်းအင်ပင်ဖြစ်သည်။ နေရောင်ကြောင့်ပင် သစ်ပင်များ သက်ရှိများဖြစ်လာခဲ့ရသည်။ ထို့နောက်မှ ရုပ်ကြွင်းလောင်စာများ ဖြစ်လာခဲ့သည်။ နေမှအပူ ချိန်ကြောင့်ပင် ကမ္ဘာလေထုအတွင်း လေထု လှုပ်ရှားမှုဖြစ်ကာ လေတိုက်ခတ်မှုဖြစ်ရသည်။ ထို့ကြောင့် ယခုကဲ့သို Renewable Energy များကို ကြိုးစားရှာဖွေလာကြချိန်တွင်နေစွမ်းအင်သည် အဓိက အားထားစရာ မျှော်လင့်စရာစွမ်းအင်တစ်ခုဖြစ်လာခဲ့ရသည်။
နေစွမ်းအင်ကို ၁၉ ရာစုခန့် က ရေအပူပေးစနစ် ဟင်းသီးဟင်းရွက် အခြောက်လှန်း စရာအ တွက်သာအသုံးပြုခဲ့ရာမှ လျှပ်စစ်ဓာတ်အားထုတ်ယူရန်အတွက် ၂၀ ရာစုနောက်ပိုင်းတွင် စတင်သတိပြုမိလာကြသည်။ အီကွေတာနှင့် အပူပိုင်းရာသီဥတုရှိရာ Tropical Zone တွင်နေစွမ်းအင် သည် 1m² တွင် ကျရောက်သောပမာဏမှာ 1kw ရှိသည်။ သို့သော်မည်သူမျှ ယနေ့အချိန် ထိ နေမှ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်သို့ ရာနှုန်းပြည့်မပြောင်းလဲနှိုင်သေးပေ။
နေစွမ်းအင်တွင်လည်းအဓိက အားဖြင့်နှစ်မျိုးခွဲထားပေသည်။ ၎င်းတို့မှာ-
Concentrating Technology
Concentrating နည်းမှာ နေမှ လာသော နေရောင်ခြည်ကို မှန်ဘီလူးခွက်အကြီး စားများဖြင့်ခံ ကာ၎င်းတို့ ၏ဆုံချက်နေရာတွင် ရေပိုက်ကိုထားကာရေကို ဆူစေပြီး ထိုမှတစ်ဆင့် ရေနွေးငွေ့ကို ထုတ်လုပ်ကာ ရေနွေးငွေ့ Turbine ကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းဖြစ်ပေသည်။ထို နည်းမှာ နေရောင်ခြည်စွမ်းအင် အရရှိဆုံးဒေသ များဖြစ်သော အီကွေတာ မှ မြောက်ဘက် ၃၅ နှင့် တောင်ဘက် ၃၅ ဒီဂရီ ခြားတွင် အသုံးပြုရန်အသင့်တော်ဆုံးဖြစ်သည်။ ထို့ပြင် ဤနည်းကိုသုံးခြင်းမှာ အခြားသော Renewable Energy များနှင့်နှိုင်းယှဉ်လျှင် Carbon ထုတ်လွှတ်မှုအနည်းဆုံးဖြစ်သည်။ အကယ်၍ သားအခြား Renewable Energy များကိုသုံးမည်ဆိုပါက လျှပ်စစ်ဓာတ်အား 1MWh အတွက် ဆိုလျှင် ရေအားလျှပ်စစ်ကို သုံးမည်ဆိုပါက 14 kg ၊ လေအားလျှပ်စစ် ကို သုံးမည်ဆိုပါက17 kg ၊ Photovoltaic ကိုသုံးမည်ဆိုပါက 110kg အထိ Carbon ထုတ်လွှတ်ပြီး ယခု Concentrating နည်းကို သုံးသည့် Solar thermal power plants များမှာမူ 12 kg သာထုတ်လွှတ်သည်။




Solar Thermal Power Plant
Photovoltaic Technology
ဤနည်းမှာ Solar Energy ဟုပြောလိုက်လျှင်လူတိုင်းပြေးမြင်သော Solar panel ပြားများပင် ဖြစ်လေသည်။ ယခုနည်းကိုစတင်တွေ့ရှိခဲ့သသူမှာအမေရိကန်နိုင်ငံ မှ Charles Fritts ဆိုသူဖြစ်ပြီး 1883 ခုနှစ်တွင် selenium cell ကိုအသုံးပြုကာ နေစွမ်းအင်မှလျှပ်စစ်စွမ်းအင်ကို ပြောင်းလဲထုတ် လုပ်နိုင်ခဲ့သည်။သို့သော် ထိုအချိန်က ပြုလုပ်ခဲ့သော Solar cell မှာနေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် သို့ 1% နီးပါးသာ ပြောင်းလဲပေးနိုင်သည်။ ယခုလက်ရှိတွင်တော့ Solar cell များမှာ နေစွမ်းအင်ကို 39% ရာခိုင်နှုန်းအထိပြောင်းလဲ နိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် အသုံးပြုလျှက်ရှိသော Solar cell များမှာ အသုံးပြုရလွယ်ကူ ခြင်း လှုပ်ရှားသည့်အစိတ်အပိုင်းများမပါသည့် အတွက်အသံ ဆူညံမှုမ ရှိခြင်းတို့ကြောင့် ကမ္ဘာဈေးကွက်တွင် 90% အထိဈေးကွက်ကို ချုပ်ကိုင်ထားနိုင်ပြီဖြစ်သည်။

Photovoltaic Cells
| Year | Type of Solar Cell | Efficiency | Developer |
| 2004 | Multicrystalline silicon | 20.3% | Fraunhofer ISE, Freiburg, Germany |
| 2005 | Aluminum gallium indium phosphide/ gallium indium arsenide/ germanium; three layers, with concentrator | 39% | Boeing Spectrolab, USA |





