ZBrush သည် ဒီဂျစ်တယ်နည်းပညာဖြင့် ပန်းချီ၊ ပန်းပု များကိုစိတ်ကြိုက်ဖန်တီးနိုင်သော software တစ်ခု ဖြစ်ပါသည်။ ZBrush တွင် 2D,2.5D နှင့် 3D Artworks များကို ဖန်တီးနိုင်ပါသည်။ ZBrush ကို ရုပ်ရှင်၊ ဂိမ်း(Games) နှင့် ဒီဇိုင်း(Design) များ ဖန်တီးရာတွင် အသုံးပြုကြပါသည်။ ZBrush တွင် pixol နည်းပညာကို အသုံးပြုထားပါသည်။ Pixol ဆိုသည်မှာ Pixel မှ ဆင်းသက်လာပြီး Pixol တွင် အကွာအဝေး၊ တည်ရှိရာနေရာ (Depth and Distance) နှင့် အရည်အသွေး(material) စသော အချက်အလက်များကို မှတ်သားထားနိုင်ပါသည်။ 2Dနှင့်3D ရော၍ ဖန်တီးနိုင်ခြင်း၊ သန်းနှင့်ချီသော polygon များကို ပေါ့ပေါ့ပါးပါး အလုပ်လုပ်နိုင်ခြင်း၊ ခက်ခဲအသေးစိပ်သော 3D Model များကို ဖန်တီး နိုင်ခြင်း စသော အားသာချက်များ ZBrush တွင် ရှိပါသည်။
![]()
ပုံ (၁.၁) pixel နှင့် pixol ကွာခြားပုံ
“Pixol” နည်းပညာသည် ဖန်တီးထားသောအရာဝတ္ထု တခု၏ အလင်းအမှောင်(Lighting)၊ အရောင် (Color)၊ အရည်အသွေး (Material) နှင့် မျက်နှာပြင်အနိမ့်အမြင့်(Depth) စသောသတင်းအချက်အလက်များကို ထိမ်းသိမ်းပေးနိုင်ပါသည်။
ZBrush ကို Pixologic Inc Company မှ တီထွင်ရေးသားခဲ့ပါသည်။ Pixologic Inc ကိုစတင် တည်ထောင်သူများမှာ Ofer Alon (Pixolator) နှင့် Jack Rimokh တို့ဖြစ်ကြပါသည်။ ZBrush Software ကို 1999 SIGGRAPH ပြပွဲတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် DEMO version 1.55 ကို 2002 တွင် စတင် အစမ်း ပေးသုံးခဲ့ပါသည်။ နောက်ပိုင်းတွင် Software ၏လုပ်ဆောင်နိုင်သောစွမ်းရည် (Features)များ မြင့်မား လာပြီး version 3.10 ကို 2007 တွင်ဖြန့်ချီခဲ့ပါသည်။ 2009 September တွင် version 3.50 ကို update လုပ်ခဲ့ပြီး version 4 တွင် ထည့်သွင်းပေးမည့် Features များကို ပေးသုံးခဲ့ပါသည်။ August လ 9 ရက် 2010 တွင် version 4 ကိုအောင်မြင်စွာ ထုတ်လုပ် ဖြန့်ချီနိုင်ခဲ့ပြီး အရင် version အဟောင်းထက် ပိုမိုကောင်းမွန် ပြည့်စုံသော Features အသစ်များကို ထည့်သွင်းပေးနိုင်ခဲ့ပါသည်။
ZBrush ၏ အရေးပါသော Features များ
ZBrush တွင် 3D Models နှင့် Meshes များကို ပန်းပုထုရန် အတွက် အခြား software များ နှင့် မတူညီသော Features များ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အောက်ပါတို့သည် ZBrush ၏အဓိက Features များဖြစ်ကြပါသည်။
3D Brushes
ZBrush software ကို install လုပ်လျှင် အလိုအလျောက် 3D Brushes (ပန်းပုထုရန် အသုံးပြုနိုင်သောစုတ်တံ) အမျိုးအစား သုံးဆယ် ပါဝင်ပြီး နောက်ထပ် အသစ်များကိုလဲ ZBrush ၏ Website တွင် Download လုပ်နိုင်ပါသည်။ ထို 3D Brushes များတွင် ပန်းပုထုရန်အတွက် ပုံသဏ္ဌာန် အမျိုးမျိုး (Alpha and Textures) ၊ စုတ်ချက်အမျိုးမျိုး (Brush Stroke Type and Size) ၊ အဖိအဖော့အမျိုးမျိုး (Brush pressure sensitivity) တို့ပါဝင်ပါသည်။

ပန်းပုထုလျှင် အသုံးပြုရမည့် 3D Sculpting Brushes များဖြစ်ပါသည်။

စုတ်ချက် (Strokes Type) အမျိုးအစားများဖြစ်ပါသည်။

စုတ်ချက်ပုံသဏ္ဌာန် အမျိုးမျိုးကိုပြောင်းလဲ သုံးစွဲနိုင်ပါသည်။ ကိုယ်တိုင်ဖန်တီး ပြီးလုပ်ယူ လျှင်လည်း ရပါသည်။

Materials Type အမျိုးမျိုး ပြောင်းလဲသုံးစွဲနိုင်ပါသည်။ Materials အပေါ်မှာကျရောက်နေသော Lighting ကို အတိုးအလျော့လုပ်နိုင်ပြီး lighting ၏နေရာကိုလည်းကောင်း၊ အရောင်ကိုလည်းကောင်း ပြောင်းလဲ သုံးစွဲနိုင်ပါသည်။

Textures များကိုအသုံးပြုပြီး 3D Mesh ၏ မျက်နှာပြင် တွင်ဆေးချယ်နိုင်ပါသည်။
Polypaint
ZBrush ကိုအသုံးပြုသူ(user) များသည် မိမိတို့ ဖန်တီးနေသော အရာဝတ္ထုများ ပေါ်တွင် Texture Mapping အရင်လုပ်စရာမလိုအပ်ပဲ တိုက်ရိုက် ဆေးရောင်များ Textures များကို ရေးချယ်နိုင်ပါသည်။

Illustration
ZBrush သည် 2D/2.5D ပန်းချီကားများကို ဖန်တီးနိုင်စွမ်းရှိပါသည်။ 2.5D ပန်းချီကားများသည် ဖောင်းကြွ ပန်းချီကားပုံသဏ္ဌာန်မျိုး ဖြစ်ပါသည်။ ထို 2.5D ပန်းချီကားများကို pixol နည်းပညာဖြင့် ရေးဆွဲနိုင်ပြီး၊ ၎င်း pixol များသည် အရောင် (Color), မျက်နှာပြင်အနိမ့်အမြင့်၊ေ နရာအနေအထား(Depth and Position)၊ အရည်အသွေး(Material)များ နှင့် အလင်းအမှောင်(Lighting information) စသောသတင်းအချက်အလက်များကို ထိမ်းသိမ်းပေးနိုင်ပါသည်။

စာရေးသူကိုယ်တိုင် ရေးဆွဲထားသော 2.5D Illustration ပုံ ဖြစ်ပါသည်။ Iron Cross logo သည် “Iron Cross Music Band” or “IC music band” ၏ မူပိုင် logo ဖြစ်ပါသည်။
Transpose
ZBrush တွင် အရိုးအဆစ်များဖြင့် လှုပ်ရှားနိုင်သော Features များ ပါရှိပါသည်။ ထို Transpose Feature သည် user ၏ 3D Model ကို လှုပ်ရှားရန်အတွက် လိုအပ်သောအရိုးအဆစ် များအားလုံး ထည့်ပေးရန် မလိုအပ်ပဲ၊ user လှုပ်ရှားလိုသော အပိုင်းကိုသာ သီးခြားမှတ်သား(selection)၍ လှုပ်ရှားပေးနိုင်ပါသည်။

ZSpheres
ZBrush ၏ ပြိုင်ဖက်ကင်းသော Feature တခုဖြစ်ပါသည်။ ZSpheres သည် ပန်းပုထုရန်အတွက် user ကိုလိုအပ်သော အခြေခံပုံသဏ္ဌာန်(basic shape) နှင့် ကောင်းမွန်သော polygon model(clean topology) ကိုဖန်တီးနိုင်ပါသည်။ ZSpheres သည် ရိုးရှင်းသော စက်လုံးသဏ္ဌာန် မှ ပန်းပုထုရန်အတွက် အခြေခံပုံ (basic shape) ကို လွယ်ကူလျှင်မြန်စွာ ဖန်တီးယူနိုင်ပါသည်။

GoZ
GoZ (“GoZBrush”) ဟုခေါ်သော feature အသစ်တခုသည် ZBrush 4 Windows version တွင်ပါဝင်လာခဲ့ပြီး Autodesk 3Ds Max, Autodesk Maya, Cinema4D နှင့် Modo စသော 3D Softwares များနှင့် တိုက်ရိုက် ချိတ်ဆက်သုံးစွဲ နိုင်ပါသည်။
ZBrush 3.2 OSX Mac version တွင် GoZ Feature ကို စတင်မိတ်ဆက်ခဲ့ပါသည်။ GoZ ၏ အဓိက အားသာချက်မှာ GoZ function သုံး၍ရသော 3d application များတွင် 3d model များ import လုပ်သောအခါ 3d model ၏ Normal, Displacement နှင့် Texture map များကို Material shading networks ၌ အလိုအလျောက် ပြင်ဆင်ပေးပါသည်။
အခြား 3d software များတွင် edit လုပ်ပြီးသော 3d model များကို Goz function အသုံးပြူပြီး Zbrush software သို့ ပြန်လည် ထည့်သွင်းလျှင် ထို 3d model များ၏ mesh များကို Zbrush software တွင် အလိုအလျောက် high resolution detail များကို မှန်ကန်စွာ ပြန်လည် ဖန်တီးပေးနိုင်ပါသည်။ model များ၏ mesh များကို ထပ်မံ၍ အသေးစိတ် ဖန်တီးလိုလျှင် လည်းကောင်း၊ texture map များကို export ထုတ်လိုလျှင် လည်းကောင်း၊ GoZ function ပါသော အခြား software များသို့ transfer လုပ်လိုလျှင်လည်းကောင်း 3d model ၏ mesh များသည် အသင့် ဖြစ်နေပါသည်။

Zbrush ကို ဘယ်လို အသုံးပြုမလဲ ဆိုတာလေးကို ဆက်ရေးပါဦးမယ် ။
Ryan




