စင်္ကာပူ Construction အကြောင်းတစေ့တစောင်း

စင်္ကာပူ Construction မှာ လုပ်ထုံးလုပ်နည်းလေးတွေကို ကျနော် တော်တော်သဘောကျမိတာလေးတွေရှိပါတယ်။ အဲဒါလေးတွေကို ကျနော်သိသမျှရေးသွားမလို့ပါ။ တချို့နေရာတွေမှာ ကျနော်တို့ နိုင်ငံမှာရှိတဲ့အဖွဲ့အစည်းရဲ့လိုအပ်ချက်လေးတွေပါ ထည့်ရေးသွားပါမယ်။ ဒီမှာ အလုပ်လုပ်နေတဲ့သူများကလည်း ကျနော်ရေးတာမှားနေရင် ထောက်ပြပေးဖို့ တောင်းဆိုပါတယ်။

Construction Project တစ်ခုအတွက် မပါမဖြစ်တဲ့အဖွဲ့အစည်းများနှင့် လုပ်ငန်းတာဝန်များ။

  1. Urban Redevelopment Authority (URA)
  2. Building Construction Authority (BCA)
  3. Land and Transportation Authority (LTA)
  4. National Parks Board (N-park)
  5. Singapore Civil Defence Force (SCDF)

Read More>> “စင်္ကာပူ Construction အကြောင်းတစေ့တစောင်း” »

Timber Mock-up

Timber Mock-up အကြောင်းမပြောခင် စင်္ကာပူက House and Development Board (HDB) က အဆောက်အဦးအကြောင်းလေးကို အရင်ဆုံး မိတ်ဆက်ပေးမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။ HDB ဆိုတာကတော့ စင်္ကာပူ အစိုးရ အဖွဲ့အစည်းဖြစ်ပြီးတော့ Public Housing တွေကို ကြီးကြပ်ကွပ်ကဲပြီးတော့ အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုစီမှာ ပိုင်ရှင် တစ်ယောက်စီပိုင်ဆိုင်တဲ့ အခန်းတွေကို Unit လို့ ခေါ်လေ့ရှိပြီးတော့ အဲဒီလို Unit ပုံစံအမျိုးမျိုးကို တွဲစပ်ပြီးတော့ အဆောက်အဦးပုံပေါ်အောင် ဒီဇိုင်းရေးဆွဲလေ့ ရှိပါတယ်။ Unit တွေကို 3 Room, 4 Room, 5 Room စသဖြင့်ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကဘာကို ဆိုလိုသလဲဆိုရင် 3 Room (2 Bed Room + Living Room) ဆိုရင် အိပ်ခန်း ၂ ခန်း နဲ့ ဧည့်ခန်း ၁ ခန်း ပါတာကို  3 Room Type လို့ခေါ်ပါတယ်။ အဲဒီလို 3 Room Type မှာ ပုံစံ နဲနဲကွဲသွားတာတွေလည်းပါလေ့ရှိပါတယ်။ အဲလိုမျိုးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စီမံကိန်းတစ်ခုမှာ တကယ်ပါတဲ့အခန်းပုံစံကတော့ လေးငါးမျိုးလောက်ပဲ ဖြစ်ပါတယ်။

Timber Mock-up ဆိုတာကတော့ တကယ်အဆောက်အဦးရဲ့ Super Structure မစခင်၊ ဖောင်ဒေးရှင်း (အများအားဖြင့် Pile Foundation) လုပ်နေတဲ့ အချိန်မှာ Typical Unit Type ( 3,4, 5 Room စသဖြင့် ပုံစံစုံအောင်) တွေအတွက် သစ်သားနဲ့ အထပ်သားတွေကိုသုံးပြီးတော့ တကယ့်ရှိမဲ့ အတိုင်းအတာအတိုင်း မဖြစ်မနေ ဆောက်ပေးရပါတယ်။ ဆောက်တဲ့အထဲမှာ Kitchen, Bath&W.C, Service Yard စတာတွေ ပါဝင်ပါတယ်။ အိပ်ခန်းတို့ ဧည့်ခန်းတို့ကိုတော့ ထည့်ဆောက်လေ့မရှိပါဘူး။ အဲဒီလို လုပ်ထားတဲ့ နမူနာပုံစံကို  Timber Mock-up လို့ခေါ်ပါတယ်။ HDB အဆောက်အဦးတွေမှာ Precast တွေကို အသုံးများတဲ့အတွက် Shop Drawing တွေကို ပြင်ဆင်နေတဲ့အချိန်မှာ Timber Mock-up ကို ဆောက်လုပ်ခြင်းဖြင့် Design လုပ်တုန်းက လွဲမှားခဲ့တာတွေ ရှိခဲ့ရင် Timber Mock-up မှာ တွေ့ရှိပြီး  ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

Read More>> “Timber Mock-up” »

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၃)

5. Drilling and Plugging

 အက်ကြောင်းများသည် မျဉ်းဖြောင့်နီးပါး ဖြစ်ပေါ်နေပြီး၊ အစွန်းတဘက်မှ လုပ်ကိုင်ရန်အဆင်ပြေသည့် အခြေအနေမျိုး ၌သာ အသုံးပြုနိုင်ပါသည်။ ဤနည်းသည် Retaining Wall (မြေတားနံရံ) များတွင် ဖြစ်ပေါ်လေ့ရှိသော ဒေါင်လိုက် (Vertical) အက်ကြောင်းများ ပြင်ဆင်ရာတွင် သုံးလေ့သုံးထ ရှိကြပါသည်။ 

  • အက်ကြောင်း အရှည်ရှိသလောက် လွန်ဖြင့်ဖောက်ချလိုက်ပြီး၊ key တခု ဖြစ်ပေါ်အောင် grouting လုပ်ရပါမည်။ 
  • Drill လုပ်ရမည့်အပေါက်သည် အကြမ်းဖျင်းအားဖြင့် 50~75mm (2~3 inches) မျှရှိရမည်ဖြစ်ပြီး၊ အက်ကြောင်းဖြစ်ပေါ်နေသည့် wall အထူ၏ အလယ်လောက်တွင် ဖောက်ချရမည်။ အပေါက်သည် အက်ကြောင်း တလျှောက် တည့်တည့်တွင် ဖြစ်ရန် လိုအပ်သကဲ့သို့ structurally အရ key ပေါ်သို့ load transfer လုပ်နိုင်ရန် လုံလောက်သည့် repair material များထည့်နိုင်ရန် လုံလောက်သော အကျယ်ရှိရမည်။ 
  • ဖောက်ထားသော အပေါက်အား သန့်ရှင်းအောင်အရင်ပြုလုပ်ပြီး၊ ကျစ်လစ်စေရန် grouting ပြုလုပ်ပေးရမည်။ grout key သည် အက်ကြောင်းများဘေးရှိ ကွန်ကရစ်များ ဘေးတိုက်ရွှေ့လျားမှုများ ကို ကာကွယ်ပေးလိမ့်မည်။ ၄င်း key များသည် ကာထားသောအခြမ်းတွင်ရှိနေသည့် မြေသားများ အက်ကြောင်းများမှတဆင့် တခြားတဘက်သို့ များပြားစွာစိမ့်ထွက်ခြင်း ကိုကာကွယ်ပေးလိမ့်မည်။ 
  • အကယ်၍ structural အရ load transfer ပြုလုပ်ရန်မလိုအပ်ဘဲ ရေလုံရန်သာ အရေးကြီးသည့် အခြေအနေဆိုပါက grouting အစား ရာသီဥတုဒဏ် ခံနိုင်သော low modulus ဖြစ်သည့် resilient material တခုခုထည့်ပေးနိုင်သည်။ 
  • အကယ်၍ keying effect ပါလို မဖြစ်မနေ လိုအပ်သည်ဆိုပါက ပထမပေါက်တွင် grouting ပြုလုပ်ပြီး၊ ဒုတိယ အပေါက်တွင် resilient material ဖြင့်ပြုလုပ်နိုင်သည်။

Read More>> “ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၃)” »

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၂)

 3. Stitching 

  • ဤနည်းလမ်းပြုလုပ်ပုံမှာ အက်ကြောင်း တဘက် တချက်စီကို အပေါက်ငယ်လေးများ ဖောက် (drilling) ပြီး၊ အပေါက်များကို cleaning ပြုလုပ်၊ ထို့နောက် သံချောင်းငယ်များ (staples) ဖြင့် အက်ကြောင်းဖြစ်နေသော ကွန်ကရစ်ကို ချုပ်ယူပြီး ပြုပြင်သည့် နည်းဖြစ်သည်။ staples များ အပေါက်များတွင် စွဲမြဲနေစေရန် non-shrink grout (သို့) epoxy resin တို့ကို အသုံးပြုပြီး bonding system ကောင်းစေရန် အသုံးပြုရန်လိုအပ်ပါသည်။ 
  • Major crack များတွင် ကွန်ကရစ် ၏ tensile strength ကို တည်မြဲစေရန်၊ ထပ်မံ အက်ကြောင်းများ မကြီးထားစေရန် အသုံးပါသည်။ 
  • အက်ကြောင်းတခုကို Stitching ပြုလုပ်ခြင်းသည် structure ကို တောင့်တင်းမှု(stiffen) ဖြစ်စေပြီး၊ stiffening ကြောင့် ၄င်း localize နေရာတွင် structural restraint တိုးလာမှုကြောင့် ကွန်ကရစ်အား တခြားနေရာများတွင်ပါ အက်ကြောင်းများ ထပ်မံဖြစ်ပေါ်ခြင်းကို ဖြစ်စေ နိုင်သည်။

Read More>> “ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၂)” »

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၁)

Repair of Cracks in Concrete Structures

မည်သည့်အတွက်ကြောင့် အက်ကြောင်းများကို ပြင်ဆင်သင့်ပါသလဲ ?

အောက်ပါ တခု(သို့) တခုထက်ပိုသော အကျိုးကျေးဇူးများကို ရရှိစေရန်အတွက် ဖြစ်ပါသည်။

  • Strength တိုးစေရန်
  • Stiffness တိုးစေရန်
  • အသုံးပြုရာတွင် ပိုမိုအဆင်ပြေ ကောင်းမွန်စေရန် (functional performance)
  • ရေစိမ့်မှု မရှိစေရန် (water tightness)
  • ကွန်ကရစ် မျက်နှာပြင် ညီညာကောင်းမွန်စေရန် (appearance of concrete surface)
  • ရေရှည်ခိုင်နိုင်ရည် တိုးတက်ကောင်းမွန်စေရန် (durability)
  • ပတ်၀န်းကျင်ကြောင့် ကွန်ကရစ်အတွင်းရှိ သံချောင်း (reinforcement) များ သံချေးတက် (corrosion) ဖြစ်ခြင်းကို ကာကွယ်ရန်

Read More>> “ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၁)” »